မဲဆောက်သဘာဝတရားရိပ်သာ၌ ဖမ်းဆီးခံခဲ့ရသော သံဃာ၊ သီလရှင်နှင့် စစ်ဘေးရှောင် (၃၈)ဦး ပြန်လွတ်လာပြီး မြန်မာနိုင်ငံသို့ ရောက်ရှိ

0
283

မဲဆောက်သဘာဝတရားရိပ်သာ၌ ဖမ်းဆီးခံခဲ့ရသော သံဃာ၊ သီလရှင်နှင့် စစ်ဘေးရှောင် (၃၈)ဦး ပြန်လွတ်လာပြီး မြန်မာနိုင်ငံသို့ ရောက်ရှိ

ထိုင်းနိုင်ငံ၊ မဲဆောက်မြို့၊ မယ်ပရွာတွင်ရှိသည့်သဘာဝတရားရိပ်သာခွဲ၌ ဖမ်းဆီးခံခဲ့ရသော သံဃာ၊ သီလရှင်နှင့် စစ်ဘေးရှောင် (၃၈)ဦးမှာ ယနေ့စက်တင်ဘာလ ၃ ရက်တွင် ပြန်လည်လွတ်မြောက်လာပြီဖြစ်ကြောင်း သတင်းရရှိသည်။

ဖမ်းဆီးခံရသူဦးရေမှာ သံဃာ(၇)ပါး အပါအ၀င်သီလရှင်၊ ယောဂီနှင့် လူနာများ စုစုပေါင်း (၃၈)ဦးဖြစ်ပြီး ယနေ့ (စက်တင်ဘာလ ၃ ရက်) နံနက်ပိုင်းတွင် ထိုင်းအာဏာပိုင်များက မြန်မာနိုင်ငံ၊ မြဝတီဘက်ခြမ်းသို့ ပို့ဆောင်ပေးခဲ့ကြောင်း သဘာဝတရားရိပ်သာလူမှုကူညီကယ်ဆယ်ရေးအသင်းကြီး(သန်လျင်)မှ တွဲဖက်အတွင်းရေးမှူး ဦးသန့်စင်၏ ပြောကြားချက်အရ သိရသည်။


ယင်းတို့ကို သက်ဆိုင်ရာပြန်လည်လက်ခံရေးစခန်းတွင်မြန်မာဘက်မှ မြဝတီခရိုင်အုပ်ချုပ်ရေးမှူး ကိုယ်တိုင်ဦးစီးကာ ပြန်လည်လက်ခံပေးနေပြီး ကွာရာတင်း စင်တာတွင် ဆေးမထိုးရသေးသည့်သူများကို (၅)ရက်ထားမည်ဖြစ်ကာ သံဃာများနှင့် သီလရှင်များ၊ ဆေးထိုးပြီးသည့်သူများကို မြဝတီသဘာဝတရားရိပ်သာ တရားဆေးရုံကြီးတွင် ထားရှိမည်ဟု ဆိုသည်။

သံဃာ၊ သီလရှင်နှင့် စစ်ဘေးရှောင် (၃၈)ဦးကို ထိုင်းလူဝင်မှုကြီးကြပ်ရေးအာဏာပိုင်များက သြဂုတ်လ ၂၉ ရက်တွင် မဲဆောက်မြို့ရှိသဘာဝတရားရိပ်သာခွဲ၌ ဝင်ရောက်စစ်ဆေးကာ ခေါ်ဆောင်သွားခြင်းဖြစ်ပြီး ဖမ်းဆီးခံခဲ့ရသူများမှာ သံဃာ၊ သီလရှင်၊ ယောဂီနှင့် လူနာစစ်စစ်များသာဖြစ်ကြောင်း ဦးသန့်စင်က အတည်ပြုပြောဆိုထားသည်။

သဘာဝတရားရိပ်သာ(သန်လျင်)ဦးစီးပဓါနနာယကဆရာတော် ဦးဥတ္တမသာရသည် ပြည်ပရိပ်သာခွဲ(၂ဝ)ကျော်နှင့် ပြည်တွင်းရိပ်သာခွဲ(၉ဝ)ခန့်တွင် လူမှုကူညီကယ်ဆယ်ရေးစစ်ရှောင်ကုသိုလ်ပြုလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here