အာဆီယံ-ဗီယင်နာကော်မတီဥက္ကဋ္ဌ၊ ဗီယင်နာမြို့အခြေစိုက်ကုလသမဂ္ဂနှင့်နိုင်ငံတကာအဖွဲ့အစည်းများဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံ အမတ်ကြီးဦးမင်းသိမ်း (၅၅)နှစ်မြောက် အာဆီယံနေ့အထိမ်းအမှတ်အခမ်းအနားတွင် အဖွင့်အ မှာစကားပြောကြား

0
312

အာဆီယံ-ဗီယင်နာကော်မတီဥက္ကဋ္ဌ၊ ဗီယင်နာမြို့အခြေစိုက်ကုလသမဂ္ဂနှင့်နိုင်ငံတကာအဖွဲ့အစည်းများဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံ အမတ်ကြီးဦးမင်းသိမ်း (၅၅)နှစ်မြောက် အာဆီယံနေ့အထိမ်းအမှတ်အခမ်းအနားတွင် အဖွင့်အ မှာစကားပြောကြား

ဗီယင်နာမြို့ရှိ Vienna International Centre ၌ စက်တင်ဘာ ၂ ရက်ကကျင်းပသည့် (၅၅)နှစ် မြောက် အာဆီယံနေ့အထိမ်းအမှတ်အခမ်းအနားတွင် အာဆီယံ-ဗီယင်နာကော်မတီ၏ အလှည့်ကျဥက္ကဋ္ဌ၊ ကုလသမဂ္ဂနှင့်နိုင်ငံတကာအဖွဲ့အစည်းများဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီးဦးမင်းသိမ်း တက်ရောက်၍ အဖွင့်အမှာစကားပြောကြားခဲ့သည်။

 

United Nations Office in Vienna(UNOV)၏ ညွှန်ကြားရေးမှူးချုပ်ကိုယ်စား Mr. Jean-Luc Lemahieu ၊ Director of the Division for Policy Analysis and Public Affairs ကလည်းမိန့်ခွန်းပြောကြားခဲ့ကြောင်း သိရသည်။

အခမ်းအနားသို့ UNOV/ UNODC၊ IAEA၊ UNIDO နှင့် CTBTO တို့မှကိုယ်စားလှယ်များနှင့်ဝန်ထမ်းများ၊ ဩစတြီးယားနိုင်ငံ၊ ဥရောပနှင့်နိုင်ငံတကာရေးရာဝန်ကြီးဌာနမှ ကိုယ်စားလှယ်၊ ဗီယင်နာမြို့အခြေစိုက်အမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံးများမှ အမြဲတမ်းကိုယ်စားလှယ်များနှင့်ဇနီးများ၊ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။

 

ထို့ပြင် တက်ရောက်လာကြသူများအား ဗီယင်နာအခြေစိုက် အာဆီယံအဖွဲ့ရုံးများမှ အာဆီယံနိုင်ငံအလိုက် အမျိုးသားဝတ်စုံပြပွဲဖြင့် တင်ဆက်ခဲ့ပြီး ရိုးရာအစားအစာများဖြင့်တည်ခင်းဧည့်ခံခဲ့ကြသည်။

အာဆီယံ-ဗီယင်နာကော်မတီအား အာဆီယံအဖွဲ့ဝင်နိုင်ငံများဖြစ်သည့် အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ မြန်မာ၊ ဖိလစ်ပိုင်၊ ထိုင်း၊ ဗီယက်နမ်နိုင် ငံများမှသံရုံးနှင့်အမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံးများနှင့်စင်ကာပူနိုင်ငံအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံးတို့ဖြင့် ဖွဲ့စည်းထားသည်။

 

ထို့အတူ မြန်မာသံရုံး/အဖွဲ့ရုံးက အာဆီယံ-ဗီယင်နာကော်မတီ၏ အလှည့်ကျဥက္ကဋ္ဌတာဝန်အား ၂၀၂၂ ခုနှစ်၊ဇူလိုင်လမှဒီဇင်ဘာလအထိ (၆)လ တာဝန်ယူထားကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here