ယနေ့ ကိုဗစ် ကူးစက်ခံရသူ ၉၀ ဦးရှိပြီး ပြည်တွင်း ကူးစက်မှု (၈၃) ဦးအထိရှိ ၊ ဂရုစိုက်ရမည့် အခြေအနေဖြစ်ပြီဟုဆို

0
101

ယနေ့ ကိုဗစ် ကူးစက်ခံရသူ ၉၀ ဦးရှိပြီး ပြည်တွင်း ကူးစက်မှု (၈၃) ဦးအထိရှိ ၊ ဂရုစိုက်ရမည့် အခြေအနေဖြစ်ပြီဟုဆို

ယနေ့ စက်တင်ဘာလ (၃) ရက်တွင် မြန်မာနိုင်ငံ၌ ကိုဗစ် ၁၉ ရောဂါ ကူးစက်ခံရသူ ၉၀ ဦး ရှိပြီး ပြည်တွင်း ကူးစက်မှုမှာ (၈၇) ဦးအထိရှိကြောင်း သိရသည်။

စက်တင်ဘာ (၂) ရက် ည (၈) နာရီမှ (၃) ရက် ည (၈) နာရီအထိ သံသယ လူနာ (၈,၃၂၃) ဦးကို စစ်ဆေးခဲ့ရာမှ အတည်ပြု လူနာ (၉၀) ဦး အထိတွေ့ရှိရခြင်း ဖြစ်သည်။

အဆိုပါ အတည်ပြု လူနာ (၉၀) ဦးအနက် (၇) ဦးမှာ ပြည်ပမှ ပြန်လည်ဝင်ရောက်လာသူများ ဖြစ်ပြီး (၈၃) ဦးမှာ ပြည်တွင်းကူးစက်မှု ဖြစ်သည့်အတွက် ယနေ့ ကူးစက်ခံရသည့် လူနာများ၏ (၉၂.၂) ရာခိုင်နှုန်းမှာ ပြည်တွင်းကူးစက်မှု ဖြစ်ကြောင်းသိရသည်။

” ဒီတစ်ပတ်အတွင်းမှာ ပြည်တွင်း ကူးစက်မှုတွေ အရမ်းများနေတယ်။ သတိထားမိသလောက် (၉၀) ရာခိုင်နှုန်းအောက်မဆင်းဘူး။ ဒါက သတိပြုရမယ့်အခြေအနေပေါ့။ မပေါ့ဆသင့်ဘူး ၊ ဂရုစိုက်ရမယ့် အခြေအနေကို ရောက်နေပြီပေါ့” ဟု မြန်မာနိုင်ငံတွင် ကိုဗစ်ရောဂါ စတင် ဖြစ်ပွားကတည်းက ‌ေဗာ်လန်တီယာအဖြစ် ဆောင်ရွက်ပေးနေသည့် အထွေထွေရောဂါကု သမားတော် တစ်ဦးက ပြောသည်။

မြန်မာနိုင်ငံတွင် ယနေ့အချိန်ထိ ကိုဗစ် ၁၉ ရောဂါ ကူးစ က်ခံရသူ (၆၁၅,၄၈၉)ဦး ရှိပြီး သေဆုံးသူ (၁၉,၄၃၉)ဦး အထိ ရှိပြီဖြစ်ကြောင်း သိရသညါ။

ကိုဗစ် ၁၉ ရောဂါသည် နိုင်ငံတကာနှင့် အိမ်နီးချင်းနိုင်ငံအချို့တွင် ဖြစ်ပွားမှုများပြားလျက် ရှိပြီး မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန်ရောဂါပိုးများကို ပြည်ပမှ ဝင်ရောက်လာသူများနှင့် ပြည်တွင်းကူးစက်ခံရသူများတွင် တွေ့ရှိနေရသည့်အပြင် ပြည်တွင်းအစုလိုက် ကူးစက်မှုများ ဖြစ်ပွားလျက်ရှိကြောင်း ကျန်းမာရေး ဝန် ကြီးဌာနက ထုတ်ပြန်ထားသည်။

လက်ရှိတွင် ကိုဗစ် ၁၉ ရောဂါကူးစက်မှုများပြား‌နေသည့် အတွက် ကျန်းမာရေးဝန်ကြီးဌာနမှ ကိုဗစ်-၁၉ ရောဂါ ကာ ကွယ်ရေးနည်းလမ်းများကို အောက်ပါအတိုင်းထုတ်ပြန်ပေးထားသည်။

(က) ပါးစပ်နှင့် နှာခေါင်းစည်း (Mask) တပ်ဆင်ခြင်းကို အခန်းတွင်း၌ လူတစ်ဦးနှင့်တစ်ဦး နီးကပ် စွာရှိနေခြင်း၊ အများပြည်သူအသုံးပြုသောယာဉ်များဖြင့် ခရီးသွားလာခြင်း၊ အများပြည်သူ ဝင်/ထွက်သွားလာ အသုံးပြုသော ဆေးရုံ/ကျန်းမာရေးဌာနများ၊ ရုံးများ၊ သင်တန်းများ၊ ကျောင်းများ၊ ဈေးများ၊ ဈေးဝယ်စင်တာများ၊ ဘိုးဘွားရိပ်သာ အစရှိသော လူစုလူဝေးရှိရာ နေရာများတွင် မဖြစ်မနေတပ်ဆင်ရန်၊

(ခ) ဖျားနာခြင်း၊ ချောင်းဆိုးခြင်း၊ နှာစေးခြင်း၊ လည်ချောင်းနာခြင်းစသည့် ကိုဗစ်-၁၉ ရောဂါ သံသယလက္ခဏာ တစ်ခုခုရှိပါက နီးစပ်ရာ ကျန်းမာရေးဌာနသို သတင်းပိုရန် လိုအပ်ပြီး ပါးစပ်နှင့် နှာခေါင်းစည်း (Mask) တပ်ဆင်ခြင်းကို မဖြစ်မနေဆောင်ရွက်ရန်၊

(ဂ) ရုံးဌာနများသို ဖြန့်ဝေထားပြီးဖြစ်သည့် ရုံးဌာနများ၊ လုပ်ငန်းခွင်များအတွက် ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး စည်းမျဉ်းစည်းကမ်းများကို တိကျစွာ လိုက်နာရန်၊

(ဃ) ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံထားခြင်းအားဖြင့် ရောဂါကူးစက်ဖြစ်ပွားမှု၊ ရောဂါ ပြင်းထန်မှုနှင့် သေဆုံးမှုတိုကို လျှော့ချပေးနိုင်သည်ဖြစ်ရာ အသက် ၅ နှစ်နှင့် အထက်ရှိသူ အားလုံးသည် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို အကြိမ်ပြည့် ထိုးနှံထားရှိရန် လိုအပ်သည့်အပြင် အသက် ၁၈ နှစ်နှင့်အထက် ကာကွယ်ဆေး ထိုးနှံပြီးစီးမှုကာလ ၆ လရှိနေသော ပြည်သူများသည်လည်း ထပ်ဆောင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထပ်မံထိုးနှံရန် လိုအပ်ပါသည်။

သိုဖြစ်ပါ၍ မိဘပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး စည်းမျဉ်းစည်းကမ်းများကို တိကျစွာလိုက်နာခြင်း၊ ပါးစပ်နှင့်နှာခေါင်းစည်း (Mask) ကို စနစ်တကျတပ်ဆင်ခြင်းနှင့် နီးစပ်ရာ ကျန်းမာရေးဌာနများ၊ ကျေးရွာ/ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးများနှင့်ဆက်သွယ်၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံမှုနှင့် ထပ်ဆောင်းကာကွယ်ဆေးများ ထိုးနှံခြင်းတိုကို မပျက်မကွက် ဆောင်ရွက်ကြပါရန် အသိပေးနှိးဆော်အပ်ပါသည်။

ကိုဗစ်-၁၉ ရောဂါဆိုင်ရာ သတင်းအချက်အလက်များကို ကျန်းမာရေးဝန်ကြီးဌာန၏ အင်တာနက်စာမျက်နှာ moh.gov.mm တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here