ထိုင်းနိုင်ငံရောက် Cl အစိမ်းရောင်ပတ်စ်ပို့စာအုပ်ပြုလုပ်ရန်ကျန်ရှိသည့် မြန်မာနိုင်သား ၃ သိန်းခန့်အတွက် လျှောက်ထားရယူရန် နေရာ ၄ ခုဖွင့်လှစ်သွားမည်

0
285

ထိုင်းနိုင်ငံရောက် Cl အစိမ်းရောင်ပတ်စ်ပို့စာအုပ်ပြုလုပ်ရန်ကျန်ရှိသည့် မြန်မာနိုင်သား ၃ သိန်းခန့်အတွက် လျှောက်ထားရယူရန် နေရာ ၄ ခုဖွင့်လှစ်သွားမည်

ထိုင်းနိုင်ငံတွင်ရောက်ရှိနေသည့် မြန်မာနိုင်ငံသားများအနက် CI အစိမ်းရောင်ပတ်စ်ပို့စာအုပ်ပြု လုပ်ရန် ကျန်ရှိနေသည့် ၃ သိန်းခန့်အတွက် လျှောက်ထားရယူနိုင်သည့် နေရာ ၄ ခုဖွင့်လှစ်ပေးသွားမည်ဟု သိရသည်။

ထိုသို့ လျှောက်ထားရယူရန် စက်တင်ဘာ ၂ ရက်ကပြုလုပ်ခဲ့သည့် ထိုင်းအလုပ်သမားဝန်ကြီးဌာန ၏ အစည်းအဝေးဆုံးဖြတ်ချက်အရ စမွတ်စခေါင်၊ စမွတ်ပကန်၊ ချွန်ဘုရီနှင့်ရနောင်းတို့၌ ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ယခင်က ဇန်နဝါရီ ၁၀ ရက်မှ ဇူလိုင် ၂၇ ရက်အထိ Cl စာအုပ်လျှောက်ထားမှုအား နေရာ ၅ ခုဖွင့်လှစ်ဆောင်ရွက်ပေးခဲ့ပြီး မြန်မာအလုပ်သမား ၄ သိန်းကျော်အား စာအုပ်ထုတ်ပေးထားပြီးဖြစ်ကြောင်း သိရသည်။

လက်ရှိအချိန်၌ မြန်မာအလုပ်သမား ၃ သိန်းခန့် Cl အစိမ်းရောင်ပတ်စ်ပို့စာအုပ်ဘျှောက်ထားရန် ကျန်ရှိနေသဖြင့် ချင်းမိုင်အားပိတ်သိမ်းပြီး ၄ နေ ရာ၌ ထပ်မံပြုလုပ်ပေးသွားရန် ဆောင်ရွက်လျက်ရှိခြင်းဖြစ်သည်။

ထိုင်းနိုင်ငံ၌ အလုပ်လုပ်ကိုင်နေသည့် အလုပ်သ မားများအနေဖြင့် Cl အစိမ်းရောင်ပတ်စ်ပို့စာအုပ်ရရှိမှသာ ​ထိုင်းနိုင်ငံဥပဒေအရ တရားဝင်အလုပ် သမားအဖြစ် သတ်မှတ်ခံရပြီး ၂၀၂၅ ခုနှစ်၊ ဖေ ဖော်ဝါရီ ၁၃ ရက်အထိ အလုပ်လုပ်ကိုင်ခွင့်ရရှိမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here