ဇာပိုရီရှီအာနျူစက်ရုံအရေး ကူညီဖြေရှင်းပေးရန်အဆင်သင့်ဖြစ်နေကြောင်း တူကီယေးသမ္မတကရုရှားသမ္မတပူတင်အားပြောကြား

0
120

ဇာပိုရီရှီအာနျူစက်ရုံအရေး ကူညီဖြေရှင်းပေးရန်အဆင်သင့်ဖြစ်နေကြောင်း တူကီယေးသမ္မတကရုရှားသမ္မတပူတင်အားပြောကြား


ဇာပိုရီရှီအာနျူဓာတ်အားပေးစက်ရုံအခြေအနေနှင့်ပတ်သက်၍ တစ်ကမ္ဘာလုံးမှသတိပေးချက်များ ဆက်တိုက်ဆိုသလိုမြင့်တက်လာချိန်တွင် တူကီယေးသမ္မတ အာဒိုဂန်က ကိဗ်နှင့်မော်စကိုတို့ကြား ပြေလည်အောင်ညှိုနှိုင်းပေးရန် ကမ်းလှမ်းခဲ့ကြောင်းသိရှိရသည်။

နှစ်နိုင်ငံအကြားဂျုံတင်ပို့နိုင်ရန် ကုလသမဂ္ဂနှင့်တူကီယေးတို့ ကြားဝင်စေ့စပ်ပေးသကဲ့သို့ပင် ယခုဇာပိုရီရှီအာနျူစက်ရုံအတွက်လည်း နှစ်နိုင်ငံအကြား ကြားဝင်စေ့စပ်ပေးနိုင်သည်ဟု တူကီယေးသမ္မတအာဒိုဂန်ကပြောကြားခဲ့သည်။

ပြီးခဲ့သည့်လကလည်း သမ္မတအာဒိုဂန်သည် ယူကရိန်းသမ္မတဗလာဒီမာ ဇလန်းစကီးနှင့်တွေ့ဆုံခဲ့ပြီး ဇာပိုရီရှီအာနှင့်ပတ်သက်၍ အလားတူစိုးရိမ်ပူပန်မှုမျိုး ရှိကြောင်းပြောကြားခဲ့သည်။ “ဖြစ်နေတဲ့ပဋိပက္ခတွေနဲ့ပတ်သက်ပြီး ညှိုနှိုင်းအဖြေရှာဖို့ကျွန်တော်တို့ကြိုးစားနေချိန်မှာ တူကီယေးအနေနဲ့ကတော့ ယူကရိန်းဘက်ကသာရပ်တည်နေမှာဖြစ်ပါတယ်။ဒါကြောင့်လည်း နောက်ထပ်ရှာနိုဘိုင်းလ်အဖြစ်မျိုးထပ်မလိုချင်လို့ ညှိုနှိုင်းဖို့ကြိုးစားနေတာပါ” ဟု  ယူကရိန်းသမ္မတနှင့်တွေ့ဆုံစဉ်ပြောကြားခဲ့သည်။

ဝိုင်ယို သတင်းဌာန၏သတင်းများအရ အပြည်ပြည်ဆိုင်ရာအဏုမြူစွမ်းအင်အေဂျင်စီ (အိုင်အေအီးအေ) က ဇာပိုရီရှီအာနျူဓာတ်အားပေးစက်ရုံသည် ယူကရိန်းသို့ရုရှား၏ကျူးကျော်မှုကြောင့်  ကြီးမားသောပျက်စီးမှုများရှိခဲ့သည်ဟု ဖော်ပြထားကြောင်းသိရှိရသည်။

“စက်ရုံရဲ့ရုပ်ပိုင်းကြံ့ခိုင်မှုကို အကြိမ်ပေါင်းများစွာ ဖျက်ဆီးခံခဲ့ရတယ်ဆိုတာ သိသာထင်ရှားပါတယ်။ဒါကြောင့်ကျွန်တော်အရမ်းစိတ်ပူမိခဲ့ပါတယ်။စိတ်လဲပူနေဆဲဖြစ်သလို နောင်ကိုလည်းနျူစက်ရုံကိစ္စဟာအရေးကြီးစိတ်ပူစရာကိစ္စဖြစ်နေဦးမှာပါ။ကျွန်တော်တို့အဖွဲ့နျူစက်ရုံမှာ လေးငါးနာရီလောက်ကြာအောင်နေခဲ့ပြီး စက်ရုံ‌ေနရာတစ်ခုလုံးကို ပတ်ကြည့်နိုင်ခဲ့ပါတယ်” ဟု အိုင်အေအီးအေညွှန်ကြားရေးမှူးချုပ် Rafel Grossi ကပြောကြားခဲ့သည်။

ကမ္ဘာပေါ်တွင်အဆိုးရွားဆုံး နျူကလီးယားကပ်ဘေးဖြစ်သည့် ရှာနိုဘိုင်းလ်နျူစက်ရုံကပ်ဆိုးသည် ယူကရိန်းမြို့တော် ကိဗ်မှကီလိုမီတာ ၁၀၀ သာကွာဝေးသောနေရာတွင်ဖြစ်ပွားခဲ့သည်။အကယ်၍ ယခုအချိန်တွင်နောက်ထပ် နျူကပ်ဘေးကြုံလာပါက ဥရောပတစ်ခုတည်းသာမဟုတ်ဘဲ ကမ္ဘာတစ်ခုလုံးလက်တွေ့ထိခိုက်နိုင်တယ်ဆိုတာ မေ့ထားလို့မရပါဘူး ဟု၎င်းကဆိုခဲ့သည်။

ဝိုင်ယိုသတင်းဌာန၏ ပြောကြားချက်အရ ဇာပိုရီရှီအာသည် ပြီးခဲ့သည့်နှစ် မတ်လကတည်းက ရုရှားတပ်ဖွဲ့ဝင်များ၏ သိမ်းပိုက်မှုကိုခံထားရခြင်းဖြစ်ကြောင်းသိရှိရသည်။

အဆိုပါစက်ရုံသည် ယူကရိန်းနိုင်ငံ၏ နှစ်စဉ်ပျှမ်းမျှလျှပ်စစ်ထုတ်လွှတ်မှု၏ ငါးပုံတစ်ပုံ ( ၂၀ ရာခိုင်နှုန်း) နှင့် ယူကရိန်းနျူကလီးယားဓာတ်အားပေးစက်ရုံများမှထုတ်လွှတ်သော  လျှပ်စစ်ဓာတ်အား၏ ၄၇ ရာခိုင်နှုန်းနီးပါးအတွက် ၄၀ မှ ၄၂ ကီလိုဝပ်နာရီ ဘီလီယံအထိထုတ်ပေးသည်ဟုသိရှိရသည်။

Source – WIO NEWS


LEAVE A REPLY

Please enter your comment!
Please enter your name here