ဝေဟင်ပိုင်နက်ချိုးဖောက်မှုများကြောင့် ဂရိအား တူကီယေးသမ္မတအာဒိုဂန်စိန်ခေါ်

0
213

ဝေဟင်ပိုင်နက်ချိုးဖောက်မှုများကြောင့် ဂရိအား တူကီယေးသမ္မတအာဒိုဂန်စိန်ခေါ်

တူကီ‌ယေးသမ္မတ အာဒိုဂန်က အေဂျီယံပင်လယ်ပြင်ပေါ်ရှိ တူကီယေးတိုက်လေယာဉ်များကို ဆက်လက်နှောင့်ယှက်ပါက ထိုက်ထိုက်တန်တန်ပြန်လည်ပေးဆပ်ရမည်ဟုဆိုကာ ဂရိအားစစ်ရေးလှုပ်ရှားမှု အရိပ်အမြွက်ပြောကြားခဲ့သည်။

အိမ်နီးချင်းဖြစ်သကဲ့သို့ နေတိုးအဖွဲ့ဝင်နိုင်ငံများလည်းဖြစ်သည့် တူကီယေးနှင့်ဂရိတို့သည် ပင်လယ်နှင့်လေကြောင်းနယ်နိမိတ်ဆိုင်ရာနှစ်ရှည်အငြင်းပွားမှုများဖြစ်နေကာ နေ့စဉ်လေတပ်ကင်းလှည့်မှုများ ကြားဝင်နှောင့်ယှက်မှုများဖြစ်ပေါ်လျက်ရှိသည်။

“ဂရိနိုင်ငံအ‌နေနဲ့ သမိုင်းကိုလေ့လာကြည့်ပါ၊အခုထက်ပိုပြီးရှေ့တိုးလာရင် ဒီထက်ပြင်းထန်တဲ့တုံ့ပြန်မှုနဲ့ ပြန်ပေးဆပ်ရလိမ့်မယ်” ဟု အာဒိုဂန်က စနေနေ့၌ပင်လယ်နက်မြို့ Samsun တွင်ပြုလုပ်သော လူထုစုဝေးပွဲ၌ပြောကြားခဲ့သည်။

သမိုင်းဝင်ပြိုင်ဖက်များဖြစ်ကြသည့် ဂရိနှင့်တူကီယေးတို့သည် ၁၉၇၄ ခုနှစ် ဆိုက်ပရပ်စ်အရေးကြောင့်သဘောထားကွဲလွဲမှုအပါအဝင် လေပိုင်နက်၊ရေပိုင်နက်နှင့် မြေထဲပင်လယ်ရှိ ဟိုက်ဒရိုကာဗွန်ရင်းမြစ်များစသဖြင့်အကြောင်းအရာများကြောင့် နှစ်ပေါင်းများစွာ ပြိုင်ဆိုင်လျက်ရှိကြသည်။

မကြာသေးမီလများအတွင်း တူကီယေးနိုင်ငံသည် အေသင်သည်ရန်စသည့်လုပ်ရပ်များကိုလုပ်သည်ဟုဆိုကာ စောဒကတက်ခဲ့ပြီး ဂရိ၏ထိုသို့သောလုပ်ရပ်သည် ငြိမ်းချမ်းရေးကြိုးပမ်းမှုကို ပျက်ပြားစေသည်ဟုဆိုခဲ့သည်။

ရန်လိုသည့်လုပ်ရပ်ဟုဂရိကခေါ်ခဲ့သည့် ကင်းထောက်မစ်ရှင်တစ်ခုတွင် တူကီ‌ယေးဂျက်လေယာဉ်များကို နှောင့်ယှက်ရန် ရုရှားလုပ် လေကြောင်းရန်ကာကွယ်ရေးစနစ်ကို အသုံးပြုခဲ့ကြောင်း အန်ကာရာက ပြီးခဲ့သည့် သီတင်းပတ်ကပြောကြားခဲ့သည်။

သမ္မတအာဒိုဂန်၏မိန့်ခွန်းတွင် ၎င်းကဂရိနိုင်ငံသည် “ကျွန်ုပ်တို့ကို S-300s ဖြင့် ခြိမ်းခြောက်ရန်ကြိုးပမ်းခဲ့သည်” ဟုစွပ်စွဲခဲ့သည်။

အေသင်သည် အဆိုပါစွပ်စွဲချက်များကို ပယ်ချခဲ့ပြီး အန်ကာရာကသာလျှင် ဂရိကျွန်းစုများပေါ်သို့ မကြာခဏဖြတ်‌ကျော်ပျံသန်းခြင်းဖြစ်သည်ဟုစွပ်စွဲခဲ့သည်။

Source -AFP


LEAVE A REPLY

Please enter your comment!
Please enter your name here