ထိုင်းနိုင်ငံ၌ ရာဘာခြံလုပ်သားအဖြစ်လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသားတစ်ဦး တောဆင်ရိုင်းနင်းခံရ၍ သေဆုံး

0
211

ထိုင်းနိုင်ငံ၌ ရာဘာခြံလုပ်သားအဖြစ်လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသားတစ်ဦး တောဆင်ရိုင်းနင်းခံရ၍ သေဆုံး

ထိုင်းနိုင်ငံ၊ချာခြုံဆောင်ခရိုင်ရှိ ရာဘာခြံ၌ အ လုပ်လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသားတစ်ဦးသည် သြဂုတ် ၃၁ ရက်က တောဆင်ရိုင်းနင်းခံရ၍ သေဆုံးသွားခဲ့ကြောင်း သိရသည်။

ယင်းနေ့က ရာဘာခြံအတွင်းသို့ တောဆင်ရိုင်းဝင်လာသဖြင့် သေဆုံးသူအမျိုးသားမှ ၎င်း၏ဇနီးဖြစ်သူအား ဘေးလွတ်ရာသို့ရှောင်တိမ်းရန်သတိ ပေးခဲ့ကြောင်း သိရသည်။

ထို့ကြောင့် ၎င်း၏ဇနီးဖြစ်သူမှ အသက်(၁)နှစ်အရွယ်ရှိ ကလေးငယ်အားပွေ့ချီ၍ ထွက်ပြေးလွတ်မြောက်သွားသော်လည်း အသက်(၄၂)နှစ်အရွယ်ခန့်ရှိ သေဆုံးသူအမျိုးသားမှာ ထွက်ပြေးစဥ် လွတ်မြောက်ခြင်းမရှိဘဲ တောဆင်ရိုင်းနင်းခံခဲ့ရကြောင်း သိရသည်။

သေဆုံးသူအမျိုးသား၏ ရုပ်အ လောင်းအား ထိုင်းနိုင်ငံ လူမှုကူညီရေးအသင်းဝင်များကလာရောက်သယ်ဆောင်၍ ဆေးရုံသို့ပို့ ဆောင်ခဲ့ကြကြောင်း သိရသည်။

“သူ့မိန်းမကို တောဆင်ရိုင်းလာနေလို့ ပြေးခိုင်းတယ် အဲဒီမှာ သူ့မိန်းမကတော့လွတ်သွားတယ် သူလည်းထွက်ပြေးပေမယ့်မလွတ်ဘူးဖြစ်သွားတာပေါ့ သူ့အမျိုးသမီးကိုတော့ ကျွန်တော်တို့က လိုအပ်တဲ့အကူအညီတွေပေးသွားမှာပါ”ဟု ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများအရေးကူညီဆောင်ရွက်ပေးနေသူတစ်ဦးကပြောသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here