EEF သို့ဖိတ်ကြားထားသည့် နိုင်ငံခြားသားဧည့်သည်များ၏ အမည်စာရင်းများအား ကရင်မလင်ထုတ်ပြန်

0
226

EEF သို့ဖိတ်ကြားထားသည့် နိုင်ငံခြားသားဧည့်သည်များ၏ အမည်စာရင်းများအား ကရင်မလင်ထုတ်ပြန်

မော်စကို၊စက်တင်ဘာ ၄

အာမေးနီးယန်းဝန်ကြီးချုပ် Nikol Pashinyan နှင့် မွန်ဂိုလီးယားဝန်ကြီးချုပ် Luvsannamsrayn Oyun – Erdene တို့အပြင် တရုတ်နှင့်မြန်မာနိုင်ငံမှကိုယ်စားလှယ်များသည် ရုရှားသမ္မတဗလာဒီမာပူတင်နှင့် အရှေ့ပိုင်းစီးပွားရေးဖိုရမ် (EEF)၏ မျက်နှာစုံညီအစည်းအဝေးကိုစက်တင်ဘာ ၇ ရက်တွင် တက်ရောက်ကြမည်ဖြစ်ကြောင်း ကရင်မလင်သတင်းစာရှင်းလင်းပွဲ၌ တနင်္ဂနွေနေ့ကဖော်ပြခဲ့သည်။

ရုရှားသမ္မတဗလာဒီမာပူတင်နှင့်အတူ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ၊အိမ်‌ စောင့်အစိုးရဝန်ကြီးချုပ်နှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊အာမေးနီးယားသမ္မတနိုင်ငံ ဝန်ကြီးချုပ် Nikol Pashinyan၊ မွန်ဂိုလီးယားဝန်ကြီးချုပ် Luvsannamsrayn Oyun – Erdene နှင့် အမျိုးသားပြည်သူ့ကွန်ဂရက် အမြဲတမ်းကော်မတီ ဥက္ကဌ Li Zhanshu တို့တက်ရောက်မည်ဖြစ်သည်ဟု သဝဏ်လွှာတွင်ဖော်ပြထားသည်။

ရုရှားသမ္မတသည် စက်တင်ဘာ ၇ ရက်တွင်ကျင်းပမည့် အရှေ့ဖျားစီးပွားရေးဖိုရမ် (EEF) သို့ဖိတ်ကြားထားသော နိုင်ငံခြားခေါင်းဆောင်များနှင့် အစည်းအဝေးပြင်ပတွင်နှစ်နိုင်ငံချင်းတွေ့ဆုံဆွေးနွေးမည်ဖြစ်ကြောင်း ကရင်မလင်သတင်းဌာနက သတင်းထုတ်ပြန်ခဲ့သည်။

အာမေးနီးယား၊တရုတ်၊မွန်ဂိုလီးယားနှင့် မြန်မာနိုင်ငံတို့မှ အဆင့်မြင့်ကိုယ်စားလှယ်များ ဖိုရမ်သို့လည်းတက်ရောက်ရန်မျှော်လင့်ထားပြီး စက်တင်ဘာ ၇ ရက်တွင်ကျင်းပမည့် စုံညီအစည်းအဝေးတွင်လည်းပါဝင်မည်ဖြစ်သည်။

“ရုရှားသမ္မတဗလာဒီမာပူတင်နှင့် EEF – 2022 သို့ဖိတ်ကြားထားသော နိုင်ငံခြားခေါင်းဆောင်များနှင့်နှစ်နိုင် ငံချင်း အပြန်အလှန်တွေ့ဆုံမှုများအတွက် တစ်နေ့တာလုံးတွေ့ဆုံရန်စီစဉ်ထားသည်။ခေါင်းဆောင်များသည် နှစ်နိုင်ငံနှင့်ဒေသဆိုင်ရာ ကိစ္စရပ်များအပေါ် အမြင်ချင်းဖလှယ်ရန်အစီစဉ်ရှိကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

Source -TASS


LEAVE A REPLY

Please enter your comment!
Please enter your name here