အင်းတော်မြို့တွင် မိုးသည်းထန်စွာရွာသွန်းကာ ချောင်းရေမြင့်တက်၍ နေအိမ်များအတွင်းရေဝင်ရောက်လျက်ရှိ

0
129

အင်းတော်မြို့တွင် မိုးသည်းထန်စွာရွာသွန်းကာ ချောင်းရေမြင့်တက်၍ နေအိမ်များအတွင်းရေဝင်ရောက်လျက်ရှိ

စစ်ကိုင်းတိုင်း၊အင်းတော်မြို့နယ်တွင် စက်တင် ဘာ ၅ ရက်(ယနေ့)နံနက်ပိုင်းက မိုးသည်းထန်စွာရွာသွန်းလျက်ရှိကြောင်း မြန်မာနိုင်ငံမီးသတ်တပ် ဖွဲ့ဌာနချုပ်နှင့်လူမှုကူညီရေးအသင်းများမှ သိရသည်။

ယနေ့နံနက် ၉ နာရီခန့်တွင် မိုးသည်းထန်စွာရွာ သွန်းပြီး အင်းတော်မြို့ရှိ အင်းတော်ချောင်းရေမြင့်တက်ကာ အနိမ့်ပိုင်းရပ်ကွက်အတွင်းနှင့်လမ်း များပေါ်သို့ ရေဝင်ရောက်ရေကျော်မှုများဖြစ်ပေါ်လျက်ရှိသည်။


“လက်ရှိရေဝင်နေတဲ့ရပ်ကွက်က အောင်မင်္ဂလာရပ်ကွက်တစ်ခုပဲရှိသေးတယ် အဲဒီဖက်မှာနေတဲ့ ရေဝင်တာများနေတဲ့ အိမ်ကလူတွေကို ရေဘေးလွတ်တဲ့ဆီအရေးပေါ်ကူညီပြီးပို့ပေးနေရတယ်” ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြော သည်။

ရေဝင်ရောက်မှုများသည့် နေအိမ်များအတွင်းရှိ နေထိုင်သူများအား မီးသတ်တပ်ဖွဲ့ဝင်များ၊လူမှုကူညီရေးအသင်းများနှင့်တာဝန်ရှိသူများက ရေ ဘေးလွတ်ကင်းရာသို့ ကူညီပို့ဆောင်လေးလျက်ရှိကြောင်း သိရသည်။


“လမ်းတွေပေါ်မှာလည်း ရေကျော်နေတော့ ဖြတ်သွားတဲ့လူတွေအခက်အခဲမရှိအောင် အမှတ်အ သားတွေကိုအရေးပေါ်လုပ်ပေးထားရတယ်”ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here