ယူကရိန်းဝန်ကြီးချုပ်သည် လက်နက်အကူအညီများ ထပ်ရရန် ဘာလင်သို့ သွားရောက်

0
176

ယူကရိန်းဝန်ကြီးချုပ်သည် လက်နက်အကူအညီများ ထပ်ရရန် ဘာလင်သို့ သွားရောက်

ဘာလင်၊ စက်တင်ဘာ ၅

ယူကရိန်းဝန်ကြီးချုပ် ဒဲနစ် ရှမဲလ် က ဂျာမနီသည် ကိယက်ဗ်၏ လေကြောင်းရန် ကာကွယ်ရေးစနစ် တည်ဆောက်ရာ၌ ကူညီရာတွင် ထိပ်တန်းပံ့ပိုးသူတစ်ဦး ဖြစ်လာလိမ့်မည်ဟု မျှော်လင့်ကြောင်း စက်တင်ဘာလ ၄ ရက် တနင်္ဂနွေနေ့တွင် ထုတ်ဖော်ပြောဆိုခဲ့သည်။

ရှမဲလ်သည် ဘာလင်ထံမှ ယူကရိန်းအတွက် နောက်ထပ် လက်နက်ကြီးများ ရယူနိုင်ရန် ကြိုးစားနေခြင်းဖြစ်သည်။

ရှမဲလ် သည် လပေါင်းများစွာကြာပြီးနောက် ဂျာမနီသို့ ပထမဆုံး လာရောက်ခဲ့သည့် ယူကရိန်း၏ အဆင်မြင့်အရာရှိတစ်ဦး ဖြစ်ပြီး ၎င်း၏ ခရီးစဉ်သည် ကိယက်ဗ်နှင့် ဘာလင်ကြား သဘောထား မသက်ဆိုင်မှုများ ဖြစ်ပေါ်ခဲ့ပြီးနောက် တင်းမာမှုများ လျော့ပါးသွားသည်ကို ပြသနေသည့် လက္ခဏာတစ်ရပ်ဖြစ်သည်။

ရုရှား-ယူကရိန်း အရေးခင်း ဖြစ်ပွားပြီးနောက် ကိယက်ဗ်ကို စစ်ရေးအရ ထောက်ပံ့ပေးရန် အစပိုင်း၌ ဂျာမနီက တုံ့ဆိုင်းနေခြင်းသည် ယူကရိန်းအတွက် စိုးရိမ်စရာဖြစ်စေခဲ့သည်။

သို့ရာတွင် ရှမဲလ် သည် ၎င်း၏ ခရီးစဉ်အတွင်း ဂျာမနီသည် ၎င်း၏ စစ်ဘက်ဆိုင်ရာ အကူအညီများကို သိသိသာသာ တိုးမြှင့်ပေးခဲ့ကြောင်းနှင့် ၎င်းပံ့ပိုးပေးခဲ့သော ဟော့ဝစ်ဇာ ၂၀၀၀ တင့်ကား သို့မဟုတ် မားစ် ဒုံးပစ်လောင်ချာများ အားလုံးကိုလည်း စစ်မြေပြင်တွင် ကောင်းမွန်စွာ အသံုးပြုနိုင်ခဲ့ကြောင်း အသိအမှတ်ပြုခဲ့သည်။

လေကြောင်းရန်ကာကွယ်ရေးစနစ် အိုင်းရစ်-တီ ကို ဆောင်းဦးရာသီတွင် ပေးပို့နိုင်မည်ဟု မျှော်လင့်ရပြီး ဂျာမနီသည် ယူကရိန်းလေကြောင်း ကာကွယ်ရေး ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်တွင် ဦးဆောင်သူတစ်ဦး ဖြစ်လာမည်ဟု မျှော်လင့်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

တနင်္လာနေ့က ပြောကြားခဲ့သော ဂျာမနီဝန်ကြီးချုပ် အိုလက်ဖ် ရှိုဇ်၏ ဥရောပဆိုင်ရာ အမြင်သဘောထား မိန့်ခွန်းတွင် ၎င်းက ယူကရိန်းအမြောက်နှင့် လေကြောင်းရန်ကာကွယ်ရေးစနစ်များ တည်ဆောက်ရာတွင် ဂျာမနီနိုင်ငံအနေဖြင့် အထူးတာဝန်ယူဆောင်ရွက်နေသည်ကို မြင်တွေ့ခဲ့ရကြောင်း ပြောကြားခဲ့သည်။ 

Source: CNA


LEAVE A REPLY

Please enter your comment!
Please enter your name here