မြစ်သားမြို့နယ်တွင် ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦး သေနတ်ဖြင့်ပစ်သတ်ခံရ

0
109

မြစ်သားမြို့နယ်တွင် ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦး သေနတ်ဖြင့်ပစ်သတ်ခံရ 

 

မန္တလေးတိုင်း၊မြစ်သားမြို့နယ်၊တလိုင်းကုန်းကျေးရွာ၏ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးသန့်စင်သည် စက်တင်ဘာ ၅ ရက်(ယနေ့)နံနက်ပိုင်းက သေနတ်ဖြင့်ပစ်သတ်ခံခဲ့ရကြောင်း သိရသည်။

ယနေ့နံနက် ၆ နာရီကျော်ခန့်က အမည်မသိအမျိုး သားများသည် တလိုင်းကုန်းကျေးရွာ၏ အုပ်ချုပ်ရေးမှူးဦးသန့်စင်နေအိမ်သို့ ရောက်ရှိလာပြီးနောက် ခြံဝင်းအတွင်းရှိ ဦးသန့်စင်အား သေနတ်ဖြင့်ပစ်ခတ်ခဲ့ကြကြောင်း သိရသည်။

ထိုသို့ ပစ်ခတ်ခံရမှုကြောင့် ကျေးရွာအုပ်ချုပ်ရေးမှူးဦးသန့်စင်မှာ ကျည်ထိမှန်ဒဏ်ရာများရရှိခဲ့ပြီး အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့ကြောင်း သိရသည်။

Urben Gurrilla Force Kume နှင့် KyaukSe District Defense Force(KDDF)တို့ ပူးပေါင်း၍ ကျေးရွာအုပ်ချုပ်ရေးမှူးဦးသန့်စင်အား သေနတ်ဖြင့်ပစ်သတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေးအတွက် လုံခြုံရေးအဖွဲ့ဝင်များက ပိတ်ဆို့ရှာဖွေစစ်ဆေးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here