လှိုင်မြို့နယ်ရှိ RIR ဓာတ်အားခွဲရုံ ဖောက်ခွဲဖျက်ဆီးခံရ၍လှိုင်မြို့နယ်အတွင်း ၄ နာရီစီအလှည့်ကျဓာတ်အားပေးမည်

0
157

လှိုင်မြို့နယ်ရှိ RIR ဓာတ်အားခွဲရုံ ဖောက်ခွဲဖျက်ဆီးခံရ၍လှိုင်မြို့နယ်အတွင်း ၄ နာရီစီအလှည့်ကျဓာတ်အားပေးမည်

ရန်ကုန်တိုင်း၊လှိုင်မြို့နယ်ရှိ RIR ဓာတ်အားခွဲရုံသည် စက်တင်ဘာ ၄ ရက်ည ၈ နာရီခန့်က ဖောက် ခွဲဖျက်ဆီးခံခဲ့ရသည်ဟု ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းက အသိပေးထုတ်ပြန်ခဲ့သည်။

ထိုသို့ ဖောက်ခွဲဖျက်ဆီးခံရမှုကြောင့် (30)MVA    ထရန်စဖော်မာ ၃ လုံးနှင့် (20) MVA ထရန်စဖော်မာ ၁ လုံးတို့ထိမှန်၍ Radiator များပျက်စီးကာ ဆီပန်းထွက်မှုများဖြစ်ပေါ်ခဲ့သဖြင့် လျှပ်စစ်ဓာတ်အားပြတ်တောက်ခဲ့သည်ဟု သိရသည်။

ထို့ကြောင့် YESC မှ လျှပ်စစ်ဓာတ်အားပြန်လည်ပို့လွှတ်နိုင်ရန် ပြန်လည်ပြင်ဆင်မှုများ ပြုလုပ်ခဲ့ကြသဖြင့် ဓာတ်အားပြန်လည်ပို့လွှတ်နိုင်ခဲ့ပြီးဖြစ် သည်ဟု YESC ကအသိပေးခဲ့သည်။

ထိုသို့ လျှပ်စစ်ဓာတ်အားပြန်လည်ပို့လွှတ်နိုင်ခဲ့ပြီးဖြစ်သော်လည်း RIR ခွဲရုံရှိ (66/11-6.6)kV,20MVA ထရန်စဖော်မာပျက်စီးမှုသည် များပြားကာပြုပြင်နေရဆဲဖြစ်သည်ဟု YESC ကအသိ ပေးခဲ့သည်။

ထိုသို့ ပြင်ဆင်နေချိန်နှင့်ပြုပြင်ပြီးချိန်အထိ အုပ် စု ၂ စုခွဲ၍ ၄ နာရီစီအလှည့်ကျစနစ်ဖြင့် လျှပ်စစ် ဓာတ်အား ဖြန့်ဝေပေးသွားမည်ဖြစ်ကာ ဓာတ် အားရရှိမည့်ဧရိယာများမှာ လှိုင်မြို့ နယ်ရှိ ၉ ၊ ၁၀ ၊ ၁၁ ၊ ၁၂ ၊ ၁၃ ၊ ၁၆ ရပ်ကွက်များနှင့်မရမ်းကုန်းမြို့နယ်၊ ၃ ရပ်ကွက်တို့သည် Group A အဖြစ်၊ လှိုင်မြို့နယ်ရှိ ၇ ၊ ၉ ၊ ၁၀ ၊ ၁၃ ၊ ၁၆ ရပ်ကွက်များနှင့်မရမ်းကုန်းမြို့နယ်ရှိ ၂ ၊ ၃ ရပ်ကွက်တို့သည် Group B အဖြစ်သတ်မှတ်ထားကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here