နေပြည်တော်တွင် ရွှေဒင်္ဂါးပြားများ ယနေ့ စတင်ရောင်း ချ

0
281

နေပြည်တော်တွင် ရွှေဒင်္ဂါးပြားများ ယနေ့ စတင်ရောင်း ချ

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန် ကြီးဌာနက ရွှေဒင်္ဂါးရောင်းချခြင်း အစီအစဉ်ကို ယနေ့ စက်တင်ဘာလ (၅) ရက်တွင် နေပြည်တော် ကျောက်မျက် ပြတိုက်၌ စတင်ရောင်းချပေးနေပြီဖြစ်ကြောင်း သိရသည်။

မြင့်တက်လာသည့် ပြည်တွင်းရွှေဈေးနှုန်းကို ထိန်းညှိုရန် နစက က အဆိုပါ ရွှေဒင်္ဂါး ရောင်းချမည့်အစီအစဉ်ကို ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ထုတ်ပြန်ကြေညာခဲ့ခြင်း ဖြစ်သည်။

လက်ရှိရောင်းချပေးနေသည့် ရွှေဒင်္ဂါးများကို (၁) ကျပ်သားလျင် (၂၉) သိန်းခွဲနှုန်းဖြင့် ရောင်းချပေးနေခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ရွှေဒင်္ဂါးရောင်းချခြင်းအစီအစဉ်ကို သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနအောက်ရှိ ရွှေတူးဖော်ရေး လုပ်ကွက်များမှ ရရှိသည့် အခွန်ရွှေများကို အသုံးပြုခြင်းဖြစ်ပြီး နိုင်ငံတော်၏ အရန်ရွှေများကို အသုံးပြုခြင်း မရှိကြောင်း နစက ပြောရေးဆို ခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားထားသည်။

ယနေ့ ၅-၉-၂၀၂၂ ရက်နေ့မှ စတင်၍ တစ်ကျပ်သား၊ ငါးမူးသား နှင့် တစ်မတ်သား အလေးချိန်ရှိသော ရွှေဒင်္ဂါးပြားများကို ကျောက်မျက်ရတနာပြတိုက် နေပြည်တော်တွင် ရွှေစင်တစ်ကျပ်သားလျှင် ၂၉ သိန်း ၅ သောင်းနှုန်းဖြင့် ရောင်းချပေးလျက်ရှိပါသည်။ ဝယ်ယူသူ တစ်ဦးလျှင် ရွှေဒင်္ဂါးပြား တစ်ပြားနှုန်းဖြင့် မှတ်ပုံတင်မူရင်းပြသ၍ လွတ်လပ်စွာဝယ်ယူနိုင်ပါကြောင်း နစက၏ ပြန်ကြားရေးအဖွဲ့မှ ပြောကြားထားသည်။

ယခုလို ရွှေဒင်္ဂါး ရောင်းချသည့်အစီအစဉ်ကို ပြည်သူလူထု၏ လက်ထဲ အမှန်တကယ်ရောက်ရန် စီစဉ်ဆောင်ရွက်မည်ဖြစ်ပြီး အစိုးရမှ အရောင်းကောင်တာများ ဖွင့်လှစ်ရောင်းချပေးရန် စီစဉ်နေကြောင်းလည်း သိရသည်။

အဆိုပါ ရွှေဒင်္ဂါး ရောင်းချခြင်း အစီအစဉ်အနေအား မနက်ဖန် စက်တင်ဘာလ (၆) ရက်တွင် ရန်ကုန်မြို့၌ စတင်တင်ရောင်းချပေးသွားမည်ဟု ခန့်မှန်းထားကြောင်းသိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here