ရန်ကုန် – မန္တလေးအမြန်လမ်းတွင် လျှပ်စစ်ကားများ အားသွင်းနိုင်မည့် Charging Station (၅) ခု ဆောက်လုပ်မည်

0
274

ရန်ကုန် – မန္တလေးအမြန်လမ်းတွင် လျှပ်စစ်ကားများ အားသွင်းနိုင်မည့် Charging Station (၅) ခု ဆောက်လုပ်မည်

ရန်ကုန် – မန္တလေး အမြန်လမ်းတ‌လျှောက် နေရာ(၅) ခုတွ င် လျှပ်စစ်ကားများ အားသွင်းနိုင်မည့် Charging Station များ တည်ဆောက်မည်ဖြစ်ကြောင်း လျှပ်စစ်ဝန်ကြီးဌာနက ထုတ်ပြောလာသည်။

ဩဂုတ်လ (၃၁) ရက် ရက်စွဲပါ ညွှန်ကြားစာအရ အဆိုပါ နေရာ (၅) နေရာတွင် တည်ဆောက်မည့်  Charging Station များအတွက် လိုအပ်သည့် အချက်အလက်များကို စက်တင်ဘာလ (၂) ရက် နောက်ဆုံးထား တင်ပြရန် ဌာန (၃) ခုကို ညွှန်ကြားခဲ့ခြင်း ဖြစ်သည်။


အဆိုပါ  Charging Station (၅) ခုကို ရန်ကုန် – မန္တလေး အမြန်လမ်း  ဇီးရိုးမိုင်/အမှတ် (၃) လမ်းဆုံ၊ ၁၁၅ မိုင် ဖြူးယာဉ်ရပ်နားစခန်း၊ မိုင်တိုင်၂၀၁/၂ နေပြည်တော်စီလမ်း ဆုံ၊ မိုင်တိုင်၂၈၄/၄ သီးကုန်း ယာဉ်ရပ်နားစခန်းနှင့် မိုင်တို င် ၃၅၂/၃ စကားအင်း လမ်းဆုံတို့တွင် တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။

ယင်း Charging Station တွေအတွက် ၂၀ အမ်ဗီအေ ဓာတ်အားခွဲရုံနှင့် ဓာတ်အားလိုင်း အသစ် ထပ်မံတိုးချဲ့တည် ဆောက်နိုင်ရန် ဓာတ်အားရယူနိုင်မည့် လက်ရှိ ၆၆၊ ၃၃ ကေဗီ ဓာတ်အားခွဲရုံ၊ ဓာတ်အားလိုင်း၊ ပင်မဓာတ်အားခွဲရုံအမည်နှင့် တည်နေရာ ၊ ဓာတ်အားလိုင်း မိုင်နှင့် လိုင်း Route တို့၏ အချက်အလက်များကို စက်တင်ဘာ လ (၂) ရ က် အရောက်ပေးပို့ရန် ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်း YESC၊ မန္တလေး လျှပ်စစ် ဓာတ်အား​ပေးရေးကော်ပိုရေးရှင်း MESC နှင့် လျှပ်စစ်ဓာတ်အား ဖြန့် ဖြူးရေးလုပ်ငန်းတို့ကို လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနက ညွှန်ကြားထားခြင်း ဖြစ်သည်။

အဆိုပါ Charging Station (၅) နေရာတွင် တစ်နေရာလျင် ကားအစီးရေ (၅၀) စီ ဓာတ်အားသွင်းနိုင်မည် ဖြစ်ပြီး Pilot Project အနေဖြင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် လျပ်စစ်ကားများ ထုတ်လုပ်မောင်းနှင်မည့် စီမံကိန်းနှင့် ပတ်သက်၍ နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်ကတည်း က ပြောကြားနေခြင်းဖြစ်ပြီး စီမံကိန်းနှင့် ပတ်သက်သည့် အချက်အလက်အကြောင်းအရာများကို အချိန်အတိုင်း အတာတစ်ခုရောက်လျင် ထုတ်ဖော်ပြောကြားသွားမည်ဟုလည်း ပြောကြားထားသသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here