နှစ် ၁၅၀သက်တမ်းရှိ ဗလာဒီဗော့ စတော့ခ် အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းအား နစက ဥက္ကဋ္ဌသွားရောက်လေ့လာ

0
176

နှစ် ၁၅၀သက်တမ်းရှိ ဗလာဒီဗော့ စတော့ခ် အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းအား နစက ဥက္ကဋ္ဌသွားရောက်လေ့လာ

ရုရှားနိုင်ငံသို့ ရောက်ရှိနေသည့် နစက ဥက္ကဋ္ဌ၊နိုင်ငံ တော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် စက်တင်ဘာ ၅ ရက်(ယနေ့)ညနေပိုင်းက ရုရှားရေတပ်ဌာနချုပ်အဖြစ် ၁၈၇၂ ခုနှစ်တွင် စ တင်တည်ဆောက်ခဲ့သည့် ဗလာဒီဗော့ စတော့ခ် အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းအားသွားရောက်လေ့လာခဲ့သည်။

ဗလာဒီဗော့ စတော့ခ် အပြည်ပြည်ဆိုင်ရာ ဆိပ် ကမ်း Commercial Port OF Vladivostok သို့ ရောက်ရှိလာသည့် နစက ဥက္ကဋ္ဌအား Far Easterm Shipyard Company(FESC)၏ Mr. Andrey Severilov နှင့် Board of Directors အဖွဲ့ဝင်များကကြိုဆိုခဲ့ကြသည်။

(FESC)အကြီး အကဲက (FESC)၏လုပ်ငန်းဆောင်ရွက်နေမှု၊အ ရှေ့တောင်အာရှနိုင်ငံများနှင့်ကုန်စည်စီးဆင်းမှု ဆိုင်ရာဆောင်ရွက်နေမှု၊မြန်မာနိုင်ငံနှင့်ဆိပ်ကမ်း လုပ်ငန်းပိုင်းဆိုင်ရာနှင့်ကုန်စည်ပို့ဆောင်ရေးဆိုင် ရာဆောင်ရွက်နိုင်မည့် အခြေအနေတို့အား ရှင်း လင်းတင်ပြခဲ့သည်။

ထိုသို့ ရှင်းလင်းတင်ပြရာ နစက ဥက္ကဋ္ဌက ရုရှားနိုင်ငံနှင့်မြန်မာနိုင်ငံကြား ကုန်သွယ်မှုကဏ္ဍမြှင့်တင်ဆောင်ရွက်နေသည့် အခြေအနေများ၊ကုန် စည်ပို့ဆောင်နိုင်မည့် အခြေအနေများနှင့်အခြား သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့သည်။

နစက ဥက္ကဋ္ဌသည် ဆိပ်ကမ်းအတွင်း လှည့်လည်ကြည့်ရှုလေ့လာရာ ဗလာဒီဗော့ စတော့ခ် အပြည်ပြည်ဆိုင်ရာဆိပ်ကမ်း Managing Director ဖြစ်သည့် Mr. Vladimir Korchanov နှင့် တာဝန်ရှိသူများက Container Terminal နှင့် Universal Terminal တို့၏ လုပ်ငန်းဆောင်ရွက်နေမှု၊ ကိုယ်ပိုင်သင်္ဘောကြီးများ၊ကွန်တိန်နာများ၊ ရထားလမ်းများ၊ကုန်းလမ်းပို့ဆောင်ရေးယာဉ်များဖြင့်(FESC)၏ လုပ်ငန်းဆောင်ရွက်မှုကို လည် ပတ်လျက်ရှိသည့် အခြေအနေများအား  ရှင်းလင်း​တင်ပြခဲ့ကြသည်။

ဗလာဒီဗော့ စတော့ခ် အပြည်ပြည်ဆိုင်ရာ ဆိပ် ကမ်းအား ၁၈၇၂ ခုနှစ်တွင် ရုရှားရေတပ်ဌာန ချုပ်အဖြစ် စတင်တည်ဆောက်ခဲ့ပြီး ပထမကမ္ဘာစစ်ကာလအတွင်း ယင်းဆိပ်ကမ်းမှတဆင့် စစ်ဘက်သယ်ယူပို့ဆောင်ရေးကိစ္စများကို အဓိကထားဆောင်ရွက်ခဲ့သည်။

ဒုတိယကမ္ဘာစစ်ကာလတွင်လည်း နိုင်ငံ ခြားမှကုန်တင်သင်္ဘောအချို့ စတင်ဝင်ရောက် လာခဲ့ပြီး ၁၉၅၀ ပြည့်နှစ်အလွန်နှစ်များတွင် နိုင်ငံ တကာမှ သင်္ဘောများဝင်ရောက်လာခဲ့ရာမှ ၁၉၉၀ ပြည့်နှစ်တွင် Vladivostock အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းဖြစ်လာကာ ရုရှားနိုင်ငံနှင့်ရုရှားနိုင်ငံအရှေ့ပိုင်းတို့၌ အကြီးဆုံးဆိပ်ကမ်းတစ်ခုဖြစ် ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here