ငွေကြေးဖောင်းပွမှုထိန်းချုပ်‌ ရေးနှင့်လုပ်ခလစာပြသနာ‌ ဖြေရှင်း‌ ရေးဆိုင်ရာအစိုးရ‌ ကော်မတီအစည်းအ‌ ဝေးကိုသောကြာနေ့တွင်ကျင်းပမည်

0
202

ငွေကြေးဖောင်းပွမှုထိန်းချုပ်‌ ရေးနှင့်လုပ်ခလစာပြသနာ‌ ဖြေရှင်း‌ ရေးဆိုင်ရာအစိုးရ‌ ကော်မတီအစည်းအ‌ ဝေးကိုသောကြာနေ့တွင်ကျင်းပမည်

တိုကျို၊စက်တင်ဘာ ၄

ကုန်ဈေးနှုန်းကျဆင်းရေးနှင့် လုပ်ခလစာပြဿနာများကို ကိုင်တွယ်ဖြေရှင်းရေးဆိုင်ရာ ဂျပန်အစိုးရ‌ ကော်မတီသည် သောကြာနေ့တွင် အစည်းအဝေး ကျင်းပပြီး မူဝါဒဆိုင်ရာ ဆောင်ရွက်ချက်အသစ်များကိုထည့်သွင်းစဉ်းစားမည်ဖြစ်ကြောင်း ဝန်ကြီးချုပ်ဖူမီရိုကီရှီဒါက စက်တင်ဘာ ၄ ရက် တနင်္ဂနွေနေ့ကပြောကြားခဲ့သည်။

ဂျပန်မြောက်ပိုင်း နီဂါးတားစီရင်စုရှိ သတင်းထောက်များနှင့် စကားပြောရာတွင် မြင့်တက်နေသောကုန်ဈေးနှုန်းများကို ထိထိရောက်ရောက်ထိန်းချုပ်ရန်အတွက် အစိုးရကဒေသပြန်လည်ထူထောင်ရန်အ ထောက်အပံ့များကိုပြန်လည်သုံးသပ်ခြင်းနှင့် တိုးမြှင့်‌ ပေးရန်စဉ်းစားသင့်ကြောင်း ကီရှီဒါကပြောကြားခဲ့သည်။

“နောက်ထပ်‌ ဆောင်ရွက်ချက်အသစ်တွေကို မဆိုင်းမတွ အကောင်အထည်ဖော်စေချင်ပါတယ်” ဟု ၎င်းကဆိုကာ ဒေသခံလူထု၏ လိုအပ်ချက်များနှင့် ကိုက်ညီ‌ေအာင် ထောက်ပံ့ပေး ခြင်း၏ အရေးပါမှုကိုအသိအမှတ်ပြုကြောင်းလည်း ၎င်းကထပ်လောင်းပြောကြားခဲ့သည်။

ကီရှီဒါသည် စီးပွားရေးလုပ်ငန်းများနှင့် စားသုံးသူများအပေါ် စွမ်းအင်၊အစားအသောက်နှင့်ကုန်ကြမ်းဈေးနှုန်းများ မြင့်တက်မှု၏ အကျိုးသက်ရောက်မှုကိုဖြေရှင်းရေးအား ထိပ်တန်းဦးစားပေးအဖြစ် လုပ်ဆောင်ခဲ့ပြီး မူဝါဒအသစ်များရေးဆွဲရန် ၎င်း၏ထက်ပါအစိုးရ ကော်မီတီအား ပြီးခဲ့သည့်လကညွှန်ကြားခဲ့သည်။

Source – Reuters/gr


LEAVE A REPLY

Please enter your comment!
Please enter your name here