မြန်မာ့လက်ရွေးစင် ယူ-၂၀ အသင်း ၂၀၂၃ အာရှ ယူ-၂၀ ခြေစစ်ပွဲဝင်ရောက်ယှဥ်ပြိုင်မည်

0
169

မြန်မာ့လက်ရွေးစင် ယူ-၂၀ အသင်း ၂၀၂၃ အာရှ ယူ-၂၀ ခြေစစ်ပွဲဝင်ရောက်ယှဥ်ပြိုင်မည်


၂၀၂၃ အာရှယူ-၂၀ ချန်ပီယံရှစ်ပြိုင်ပွဲဝင်ရောက်ယှဥ်ပြိုင်မည့် မြန်မာ့လက်ရွေးစင် ယူ-၂၀ အသင်းသည် ခြေစစ်ပွဲယှဥ်ပြိုင်ကစားရန် စက်တင်ဘာ ၅ ရက်က ဆော်ဒီအာရေဗျနိုင်ငံသို့ ရန်ကုန်လေဆိပ်မှထွက်ခွာသွားခဲ့ကြကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ သိရသည်။

မြန်မာ့လက်ရွေးစင် ယူ-၂၀ အသင်းသည် ခြေစစ် ပွဲစဥ်၌ အုပ်စု(က)တွင်ပါဝင်ကာ တရုတ်၊ ဥဇဘက်ကစ္စတန်၊ ဆော်ဒီအာရေဗျ၊ မော်လ်ဒိုက်အသင်းတို့နှင့်ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း သိရသည်။

မြန်မာလက်ရွေးစင် ယူ-၂၀ အသင်းသည် စက်တင်ဘာ ၁၀ ရက်တွင် တရုတ်၊ စက်တင်ဘာ ၁၂ ရက်တွင် ဥဇဘက်ကစ္စတန်၊ စက်တင်ဘာ ၁၆ ရက်တွင် ဆော်ဒီအာရေဗျ၊ စက်တင်ဘာ ၁၈ ရက်တွင် မော်လ်ဒိုက်အသင်းတို့နှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

မြန်မာ့လက်ရွေးစင် ယူ- ၂၀ အသင်းတွင် ကစား သမားများအဖြစ် ဂိုး-အောင်ပြည့်ဖြိုး၊ ဟိန်းထက်စိုး၊ ထက်အာကာဝင်း၊ နောက်တန်း–လန်းဆန်းအောင်၊ ထွန်းထွန်းသိန်း၊ ခန့်ဇင်ဟိန်း၊ ခွန်အောင်စိုး၊ လာဘ်ဝေဘုန်း၊ကောင်းထက်ပိုင်၊ ကိုးသန်းဇော် ၊ ဟိန်းဇော်နိုင်၊ အလယ်တန်း-စောသန်းကိုသန်း၊ ချစ်အေး၊ သာယာဝင်းထက်၊ လမင်းထွေး၊ မိုးဆွေ၊ ဇော်ဝင်းသိန်း၊ ဥက္ကာနိုင်၊ အာကာကျော်၊ ရဲရင့်ဖြိုး၊ ရှေ့တန်း–စွမ်းထက်၊ သန်းတိုးအောင်၊ သိန်းဇော်သီဟတို့ပါဝင်ကြောင်း သိရသည်။

မြန်မာ့လက်ရွေးစင် ယူ-၂၀ အသင်း၏ အုပ်ချုပ်သူအဖြစ် ဦးရဲဝင်းအောင်၊ နည်းပြချုပ် ဦးစိုးမြတ်မင်း၊ လက်ထောက်နည်းပြ ဦးမင်းမင်းထွန်း၊ ဦးစထက်နိုင်ဝင်း၊ ဂိုးနည်းပြ ဦးစိန်အေး၊ အ သင်းဆရာဝန် ဒေါက်တာဖြိုးမင်းဦး၊ အကြောကျွမ်းကျင် ဦးလွင်ဦးကိုနှင့်အသင်းမီဒီယာ ဦးသီဟအောင် တို့လည်းလိုက်ပါသွားခဲ့ကြကြောင်း သိရသည်။

ခြေစစ်ပွဲစဉ်များဝင်ရောက်ယှဥ်ပြိုင်မည့် အသင်းပေါင်း ၄၄ သင်းအား အုပ်စု ၁၀စုခွဲ၍ အုပ်စုပထမ  ၁၀ သင်းနှင့်အကောင်းဆုံးအုပ်စုဒုတိယ ၅ သင်းတို့ ခြေစစ်ပွဲအောင်မြင်မည်ဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here