အိုင်ယာလန်က ကလေးသူငယ်များ၏ အချက်အလက်နှင့် ပတ်သက်၍ အင်စတာဂရမ်အား စံချိန်တင် ယူရို သန်းလေးရာကျော် ဒဏ်ရိုက်

0
92

အိုင်ယာလန်က ကလေးသူငယ်များ၏ အချက်အလက်နှင့် ပတ်သက်၍ အင်စတာဂရမ်အား စံချိန်တင် ယူရို သန်းလေးရာကျော် ဒဏ်ရိုက်

ဒပ်ဘလင်၊ စက်တင်ဘာ ၅

အိုင်ယာလန်၏ အချက်အလက် လုံခြုံရေးဆိုင်ရာစည်းကမ်း ထိန်းသိမ်းရေးအဖွဲသည် လူမှုကွန်ရက်အက်ပ်တစ်ခုဖြစ်သည့် အင်စတာဂရမ်မှ ကလေးသူငယ်များ၏ အချက်အလက်များကို ကိုင်တွယ်မှုအပေါ် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီးနောက် ၎င်းအက်ပ်အား စံချိန်တင်ဒဏ်ငွေ ယူရို ၄၀၅ သန်း (ကန်ဒေါ်လာ ၄၀၂ သန်း) ချမှတ်ရန် သဘောတူညီခဲ့ကြောင်း ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

၂၀၂၀ ခုနှစ်၌ စတင်ခဲ့သော အဆိုပါ စုံစမ်းစစ်ဆေးမှုသည် လုပ်ငန်းအကောင့်များကို အသုံးပြု လုပ်ကိုင်ခွင့်ပြုထားသော အသက် ၁၃ နှစ်မှ ၁၇ နှစ်ကြား ကလေးအရွယ် အသုံးပြုသူများအပေါ် ဦးတည်၍ စတင်ခဲ့ခြင်းသည်။

လုပ်ငန်းအကောင့်များပြုလုပ်ရာတွင် ဖုန်းနံပါတ်များနှင့် အီးမေးလ်လိပ်စာများကို ထည့်သွင်းရသည့်အတွက်ကြောင့် အက်ပ်မှ သုံးစွဲသူများ၏ ကိုယ်ရေးကိုယ်တာ အချက်အလက်များကို လွယ်လွယ်ကူကူ ရယူနိုင်သည်။

“ပြီးခဲ့တဲ့ သောကြာနေ့က ကျွန်တော်တိုရဲ့ နောက်ဆုံး ဆုံးဖြတ်ချက်ကို ချမှတ်ခဲပါတယ်၊ အဲဒီထဲမှာ ဒဏ်ငွေ ယူရို ၄၀၅ သန်း ချမှတ်တာလဲ ပါပါတယ်” ဟု အိုင်ယာလန် အချက်အလက် ကာကွယ်ရေး မင်းကြီး (DPC)၏ ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။

အင်စတာဂရမ်၏ မိခင်ကုမ္ပဏီကြီးဖြစ်သည့် မတ်တာ ပလတ်ဖောင်း၏ သတင်းထုတ်ပြန်ရေးရုံးက အဆိုပါကိစ္စနှင့် ပတ်သက်၍ လတ်တလော မှတ်ချက်ပေးခြင်း မရှိသေးပေ။

ဖေ့စ်ဘွတ်ခ်၊ အက်ပဲလ်၊ ဂူးဂဲလ် နှင့် အခြားသော နည်းပညာကုမ္ပဏီကြီးများ၏ ဥရောပ ရုံးချုပ်များသည် အိုင်ယာလန်တွင် တည်ရှိနေသောကြောင့် DPC က ၎င်းတိုအပေါ် စည်းမျဉ်းများ ချမှတ်ကာ ထိန်းညှိပေးသည်။

DPC သည် ဖေ့စ်ဘွတ်ခ်နှင့် ဝတ်စ်အက်ပ် အပါအဝင် မတ်တာ ကုမ္ပဏီများအပေါ် စုံစမ်းစစ်ဆေးမှုများ တစ်ဒါဇင်ကျော် ဖွင့်လှစ်ခဲ့သည်။

ဝက်စ်အက်ပ်သည် သည် ၂၀၁၈ ခုနှစ်တွင် အီးယူဒေတာစည်းမျဉ်းများကို လိုက်နာရန် ပျက်ကွက်မှုကြောင့် စံချိန်တင် ယူရို ၂၂၅ သန်း ဒဏ်ရိုက်ခံခဲ့ရသည်။

အိုင်ယာလန် စည်းကမ်းထိန်းသိမ်းရေးအဖွဲသည် ဒီဇင်ဘာလ၌ အင်စတာဂရမ်အား စုံစမ်းစစ်ဆေးရာတွင် စီရင်ချက်မူကြမ်းကို အပြီးသတ်ခဲ့ပြီး အခြားဥရောပသမဂ္ဂ စည်းကမ်းထိန်းသိမ်းရေးအဖွဲများထံ မျှဝေခဲ့သည်။

ဆုံးဖြတ်ချက်အသေးစိတ်အချက်အလက်အပြည့်အစုံကို လာမည့်သီတင်းပတ်တွင် ထုတ်ပြန်မည်ဖြစ်ကြောင်း DPC ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။

Source: CNA


LEAVE A REPLY

Please enter your comment!
Please enter your name here