ပြည်ပရောက် မြန်မာနိုင်ငံသားများ၏ ပြည်တွင်းသို့ ပြန် လည်လွှဲပို့ငွေမှာ (၈) နှစ်ကျော်အတွင်း အမေရိကန်ဒေါ်လာ ၆၁၅၂ သန်းကျော် ရှိခဲ့ဟုဆို

0
236

ပြည်ပရောက် မြန်မာနိုင်ငံသားများ၏ ပြည်တွင်းသို့ ပြန် လည်လွှဲပို့ငွေမှာ (၈) နှစ်ကျော်အတွင်း အမေရိကန်ဒေါ်လာ ၆၁၅၂ သန်းကျော် ရှိခဲ့ဟုဆို

ပြည်ပနိုင်ငံရောက် မြန်မာလုပ်သားများ၏ ပြည်တွင်းရှိ မိ သားစုဝင်များထံ ပြန်လည်ပေးပို့သည့် ဝင်ငွေစုစုပေါင်း မှာ (၈) နှစ်ကျော်ကာလအတွင်း အမေရိကန်ဒေါ်လာ ၆၁၅၂ သန်းကျော်ရှိကြောင်း သိရသည်။

စက်တင်ဘာလ (၅) ရက်က နေပြည်တော် အလုပ်သမား ဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် အလုပ်သမားဝန်ကြီး ဒေါက်တာပွင့်ဆန်းက ပြောကြားခဲ့ခြင်း ဖြစ်သည်။

ပြည်ပရောက် မြန်မာနိုင်ငံသားများမှ ပြန်လည်လွှဲပို့သည့် မိသားစုလွှဲပို့ငွေများကို တရားဝင်ဘဏ်များမှ တစ်ဆင့် ပြန်လည်လွှဲပို့ပေးနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို စက်တင်ဘာလ (၅) ရက်က နေပြည်တော် အလုပ်သမားဝန်ကြီးဌာနတွင် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်း၏ ပြောကြားချက်အရ ပြည်ပရောက် မြန်မာနိုင်ငံသားများ၏ မိသားစုထံ ပြန်လည်လွှဲပို့ငွေမှာ ၂၀၁၄ ခုနှစ်မှ ၂၀၂၂ ခုနှစ် ဇူလိုင်လအထိ အမေရိကန်ဒေါ် လာ ၆၁၅၂ သန်းကျော်ရှိကြောင်း ဒေါက်တာပွင့်ဆန်း၏ ပြောကြားချက်အရ သိရသည်။

အဆိုပါ ပို့ငွေများမှာ မလေးရှား၊ ထိုင်း၊ စင်ကာပူနှင့် အခြားနိုင်ငံများဟုခွဲခြားကာ ပေးပို့ခဲ့သည့် ပို့ငွေများ ဖြစ် ကြောင်း သိရသည်။

အဆိုပါ ပြည်ပရောက်မြန်မာနိုင်ငံသားများ၏ ပြန်လည်ပေးပို့ငွေများသည် ပြည်တွင်းရှိ ပို့ကုန် / သွင်းကုန်လုပ် ငန်းရှင်များအတွက် နိုင်ငံခြားငွေ လိုအပ်ချက်ကို များစွာအထောက်အကူပြုကြောင်းလည်း ပြည်ထောင်စုဝန်ကြီးက ထည့်သွင်း ပြောကြားသွားသည်။

ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက နစက ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပေါ်ပြူလာနယူး(စ်) ၏ မေး မြန်းမှုကို ပြန်လည်ဖြေကြားရာတွင် ပြည်ပရောက် အလုပ်သမားများနှင့် ပြည်ပသို့ ထွက်ခွာမည့် အလုပ်သမားများအား ပြည်တွင်းဘဏ်များ၌ နိုင်ငံခြားငွေ ဘဏ်စာ ရင်းများ ဖွင့်လှစ်ပေးသွားမည် ဖြစ်ကြောင်း ပြောကြားထားသည်။

လက်ရှိတွင် ပြည်ပရောက် မြန်မာနိုင်ငံသားများ၏ လုပ်ခလစာများနှင့်ပတ်သက်၍ ရရှိသည့် နိုင်ငံခြားငွေများကို မိသားစုဝင်များအနေဖြင့် မိမိကိုယ်တိုင် သုံးစွဲရန်အတွက် သော်လည်းကောင်း ၊ ပြန်လည်ရောင်းချရန် ၊ တဆင့်လွှဲ ပြောင်း စိတ်ကြိုက်သုံးစွဲခွင့်ပြုထားပြီး အဆိုပါ ပြည်ပမှ လွှဲပြောင်းငွေကို ပြန်လည်ဝယ်ယူသူများအနေဖြင့် ၂၁ ရက်အတွင်း ဗဟိုဘဏ်၏ ရည်ညွှန်းဈေးနှုန်းဖြင့် အစိုးရထဲ ပြန်လည်ရောင်းချရမည်ဟု ညွှန်ကြားထားသည်။

ထို့အပြင် ပြည်ပရောက် မြန်မာနိုင်ငံသားများ၏  လစာဝင်ငွေများကို တရားဝင်လမ်းကြောင်းမှ ငွေလွှဲကာ ပြည်တွင်း၌ မော်တော်ယာဉ်ဝယ်ယူခြင်း၊ အခြေခံကုန် ပစ္စည်းများဝယ်ယူခြင်း၊ တည်ဆောက်ခြင်းနှင့် ရင်းနှီးမြှုပ်နှံခြင်းများအတွက် သုံးစွဲလျင် အခွန်ကင်းလွတ်ခွင့်ရမည်ဖြစ်ကြောင်း ပြည်တွင်းအခွန်များဦးစီးဌာနက ကြေညာထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here