ငါးသိုင်းချောင်းမြို့တွင် အမျိုးသမီးတစ်ဦး ဓားဖြင့်ထိုးခံရ၍သေဆုံးခဲ့

0
355

ငါးသိုင်းချောင်းမြို့တွင် အမျိုးသမီးတစ်ဦး ဓားဖြင့်ထိုးခံရ၍သေဆုံးခဲ့

ဧရာဝတီတိုင်း၊ငါးသိုင်းချောင်းမြို့၊မြို့မရပ်ကွက်ရှိ ဘော်ဒါဆောင်တစ်ခုနေ ဒေါ်ခင်မေအုန်း(၅၅) နှစ်ခန့်သည် စက်တင်ဘာ ၆ ရက်(ယနေ့)နံနက်ပိုင်းက ဓားဖြင့်ထိုးခံခဲ့ရသဖြင့် သေဆုံးခဲ့ကြောင်း သိရသည်။

ယနေ့နံနက် ၇ နာရီကျော်ခန့်က အမည်မသိအမျိုး သားတစ်ဦးသည် မြို့မရပ်ကွက်ရှိ ဒေါ်ခင်မေအုန်း နေထိုင်သည့်ဘော်ဒါဆောင်အတွင်းဝင်ရောက်နေသည်ကို ဒေါ်ခင်မေအုန်းကတွေ့ရှိခဲ့သဖြင့် ပတ်ဝန်းကျင်အားအော်ဟစ်အကူအညီတောင်းခံခဲ့ကြောင်း သိရသည်။

ထို့ကြောင့် ပတ်ဝန်းကျင်နေသူများက အကူအညီပေးရန် ဘော်ဒါဆောင်အတွင်းသို့ ဝင်ရောက်ရာတံခါးများပိတ်ထားသဖြင့် ရိုက်ဖျက်ဝင်ရောက်ခဲ့ရကြောင်း သိရသည်။

ထိုသို့ ဝင်ရောက်ခဲ့ကြရာ ဒေါ်ခင်မေအုန်းသည် ဘော်ဒါဆောင်အတွင်း၌ ဓားဒဏ်ရာများဖြင့်လဲကျနေသဖြင့် လူနာတင်ကားဖြင့် ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

ယင်းသို့ ပို့ဆောင်စဥ် ဒေါ်ခင်မေအုန်းသည် ရရှိထားသည့် ဓားဒဏ်ရာများဖြင့် လူနာတင်ကားပေါ်၌ သေဆုံးသွားခဲ့သဖြင့် ငါးသိုင်းချောင်းမြို့ပြည်သူ့ဆေးရုံရင်ခွဲရုံသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

ထို့ကြောင့် ပြစ်မှုကျူးလွန်သွားသူအားဖမ်းဆီးရမိရေးအတွက် ငါးသိုင်းချောင်းမြို့မရဲစခန်းက အမှုဖွင့်ကာ စုံစမ်းစစ်ဆေးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။

“ကျောင်းဆရာမအငြိမ်းစားလို့တော့ပြောတယ် ကျွန်တော်တို့ကတော့ သေချာမသိပါဘူး လူနာ တင်ကားအရေးပေါ်လို့တယ် လာခဲ့ပေးပါဆိုပြီး ဖုန်းဆက်အကူအညီတောင်းလို့သွားသယ်ပြီး ဆေးရုံပို့နေတုန်းလမ်းမှာပဲသေဆုံးသွားတာပါ ဓားဒဏ်ရာတွေကတော့များတယ် ပတ်ဝန်းကျင်ကလူတွေပြောပုံအရဆိုရင် သူခိုးဝင်နေတယ်ဆိုပြီး အော်အကူအညီတောင်းလို့ သွားတဲ့အချိန် အထဲရောက်တော့ ဓားဒဏ်ရာတွေနဲ့လဲနေတာလို့ပြောကြတယ်”ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။

 


LEAVE A REPLY

Please enter your comment!
Please enter your name here