ထိုင်းနိုင်ငံက မြန်မာနိုင်ငံအတွက် လေထုအရည်အသွေးစောင့်ကြည့်တိုင်းတာ စစ်ဆေးသည့်စက်လှုဒါန်း

0
139

ထိုင်းနိုင်ငံက မြန်မာနိုင်ငံအတွက် လေထုအရည်အသွေးစောင့်ကြည့်တိုင်းတာ စစ်ဆေးသည့်စက်လှုဒါန်း

မြန်မာနိုင်ငံတွင် လေထုအတွင်း PN- 25 ပါဝင်မှုလျှော့ချနိုင်ရေးအတွက် လေထုအရည်အသွေးစီမံခန့်ခွဲမှုမြှင့်တင်ခြင်းဆိုင်ရာစီမံကိန်း “အနေဖြင့် ထိုင်းနိုင်ငံမှ လေထုအရည်အသွေးတိုင်းတာရေးစက်ကိရိယာများကို စက်တင်ဘာ ၆ ရက်ညနေ ၄ နာရီက လှူဒါန်းပေးခဲ့သည်။

“စက်ရဲ့အားသာချက်က လေထုထဲမှာမျက်စိနဲ့ မမြင်နိုင်တဲ့ အမှုန်အမြွှားတွေကို မြင်နိုင်သိနိုင်တယ် တိုင်းတာနိုင်တယ် ဒီစက်က အဲဒီထက်သေးငယ်ပြီး အဆုတ်ထဲဝင်နိုင်တဲ့ အရာတွေကိုမြင်နိုင် တိုင်းတာနိုင်ပါတယ်”တာချီလိတ်ခရိုင်ပတ်ဝန်းကျင်ထိမ်းသိန်းရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

ထို့‌နောက် တာချီလိတ်မြို့အတွက် Mobile Air Quality Monitoring Unit စက်အား ထိုင်းနိုင်ငံ  Thailand International Cooperation Agency (TICA) မှ Minister Counsellor Ms. JANTARAT NGAMCHANA ကလွှဲပြောင်းပေးအပ်လှူဒါန်းရာ တာချီလိတ်ခရိုင်ပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ၊ခရိုင်အုပ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်နိုင်က လက်ခံရယူခဲ့သည်။

ထို့အတူ တောင်ကြီးမြို့အတွက် လှူဒါန်းမှုအား ရှမ်းပြည်နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ညွှန်ကြားရေးမှူးဦးသိန်းဌေးက လက်ခံရယူခဲ့သည်။

ထို့ပြင် စက်ပစ္စည်းကိုင်တွယ်အသုံးပြုခြင်း ရက်တိုသင်တန်းကိုလည်း ဖွင့်လှစ်သင်ကြားပေးခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here