ကရင်အရပ်ဖက်လူမှုရေးရာအဖွဲ့အစည်းမှ ဦး ဆောင်၍ ကျောက်ကြီးမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်များအား ဆေးကုသပေး

0
358

ကရင်အရပ်ဖက်လူမှုရေးရာအဖွဲ့အစည်းမှ ဦး ဆောင်၍ ကျောက်ကြီးမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်များအား ဆေးကုသပေး

ညောင်လေးပင်ခရိုင် ကရင်အရပ်ဖက်လူမှုရေးရာအဖွဲ့အစည်းမှ ကျောက်ကြီးမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်များအား ဒုတိယအကြိမ်အဖြစ် ဆေးကုသပေးခဲ့ကြကြောင်း သိရသည်။


ထိုသို့ ဆေးကုသပေးရာတွင် စစ်ဘေးရှောင်များ ယာယီနေထိုင်နေကြသည့် နေရာများအထိသွားရောက်ကာ လိုအပ်သည့်ကုသမှုများ၊ရောဂါစမ်းသပ်ပေးမှုများပြုလုပ်ပေးခဲ့ကြကြောင်း သိရသည်။

မိုးရွာသွန်းမှုနှင့်တောတောင်များအတွင်း ယာယီနေထိုင်နေကြရမှုများကြောင့် စစ်ဘေးရှောင်အများစုတွင် ကျန်းမာရေးထိခိုက်မှုများဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။


“အဓိက အအေးမိပြီးဖျားနာတာတွေရှိတယ် အမိုးအကာမလုံခြုံတဲ့အပြင် ကြုံရာပစ္စည်းထည့်ယူလာကြရတာဆိုတော့ အနွေးထည်မပါတဲ့လူတွေလည်းရှိတယ် အခက်အခဲတွေကတော့များတာပေါ့ဗျာ သောက်သုံးရေအတွက်လည်း အဆင်မပြေတာရှိတယ်”ဟု စစ်ဘေးရှောင်ကူညီသူတစ်ဦးကပြောသည်။


လက်ရှိအချိန်၌ စစ်ဘေးရှောင်များအတွက် တာလပတ်စများ၊အဝတ်အထည်နှင့်ဆေးဝါးများအရေးပေါ်လိုအပ်လျက်ရှိပြီး သောက်သုံးရေလည်း လိုအပ်လျက်ရှိသည်ဟု သိရသည်။

“စစ်ဘေးရှောင်အရေအတွက်ကများတော့ သူတို့အတွက်စားသောက်ရေးကလည်း လိုအပ်ချက်ထဲမှာပါတယ် အလှူရှင်တွေကလည်း လှူဒါန်းပေးနေတယ် ကျွန်တော်တို့ကလည်းနိုင်သလောက် အကူအညီပေးလို့ရတဲ့အရာမှန်သမျှကိုလုပ်ပေးနေပါတယ်”ဟု စစ်ဘေးရှောင်ကူညီသူတစ်ဦးကပြောသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here