မြို့တော်ခန်းမနှင့်သင်္ဃန်းကျွန်းစံပြစျေးမှတ်တိုင်တို့တွင် နှာခေါင်းစည်း(Mask) ၁၀၀၀၀ အား YRTC ကအခမဲ့ဖြန့်ဝေပေးခဲ့

0
214

မြို့တော်ခန်းမနှင့်သင်္ဃန်းကျွန်းစံပြစျေးမှတ်တိုင်တို့တွင် နှာခေါင်းစည်း(Mask) ၁၀၀၀၀ အား YRTC ကအခမဲ့ဖြန့်ဝေပေးခဲ့

ရန်ကုန်တိုင်းဒေသကြီးပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ(YRTC)မှ ဆူးလေမြို့ တော်ခန်းမအနီးရှိကားမှတ်တိုင်နှင့်သင်္ဃန်းကျွန်းမြို့နယ်၊လေးထောင့်ကန်လမ်းပေါ်ရှိ စံပြစျေးကား မှတ်တိုင်တို့တွင် စက်တင်ဘာ ၆ ရက်က နှာခေါင်းစည်း(Mask)ခုရေ ၁၀၀၀၀ အားအခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ခရီးသွားပြည်သူများ ကိုဗစ်(၁၉)ရောဂါ အန္တရာယ်မှကြိုတင်ကာကွယ်နိုင်ရန် ရည်ရွယ်၍ Mask Campaign ပြုလုပ်ခဲ့ခြင်းဖြစ်ကာ တစ်နေရာလျင် Mask ခုရေ ၅၀၀၀ စီအခမဲ့ဖြန့်ဝေပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


“ရန်ကုန်တိုင်းဝန်ကြီးချုပ်က ကိုဗစ်(၁၉)ရောဂါ ကာကွယ်ထိန်းချုပ်တုန့်ပြန်ကုသရေးအတွက် အ စည်းအဝေးလုပ်ခဲ့ပါတယ် ဒါ့ကြောင့် ကျွန်တော်တို့က ကိုဗစ်(၁၉)ရောဂါထပ်ပြီးမပြန့်ပွားအောင် ကြိုတင်ကာကွယ်တဲ့အနေနဲ့လုပ်ဆောင်ခြင်းဖြစ်ပါတယ်”ဟု YRTC ၏တွဲဖက်အတွင်းရေးမှူးဦးလျန်ကျင့်မန်ကပြောသည်။


ထို့ပြင် YBS ယာဥ်လိုင်းကုမ္ပဏီများအား ကိုဗစ် (၁၉)ရောဂါနှင့်ပတ်သက်၍ လိုက်နာဆောင်ရွက်ရမည့် ညွှန်ကြားစာများထပ်မံထုတ်ပြန်ခဲ့သည်ဟု သိရသည်။

“YBS ကားပေါ်ကို Mask မတပ်ဘဲစီးခွင့်မပြုဖို့ သတိပေးစာတွေကို ကားတွေပေါ်မှာကပ်ထားဖို့ လက်သန့်ဆေးတွေအသုံးပြုဖို့ ကားတွေပြေးဆွဲပြီးရင်ဆေးဖျန်းဖို့ နောက်ပြီး ခရီးသွားတွေကိုသတိပေးဖို့အတွက် ကားမောင်းသူတစ်ယောက်ထဲဖြစ်တဲ့အတွက် အသံသွင်းပြီးသတိ‌ပေးဆောင် ရွက်ဖို့တွေကိုညွှန်ကြားချက်ထုတ်ထားပါတယ်” ဟု တွဲဖက်အတွင်းရေးမှူးဦးလျန်ကျင့်မန်ကပြော သည်။


YRTC မှ Mask Camping ပြုလုပ်ရာတွင် YBS ကားများအပြင် အဌားကားများ၊လမ်းသွားလမ်းလာများကိုလည်း Mask တပ်ဆင်ရန်အသိပေးခြင်းနှင့်ဝေငှခြင်းများပြုလုပ်ခဲ့ကြကြောင်း သိရသည်။


“ခရီးသွားပြည်သူတွေအနေနဲ့ ကိုဗစ်(၁၉)ရောဂါ ပြန့်ပွားမှုမဖြစ်အောင် Mask ကိုယ်တိုင်တပ်ဆင်သွားလာကြဖို့မေတ္တာရပ်ခံပါတယ်”ဟု YRTC ၏ တွဲဖက်အတွင်းရေးမှူးဦးလျန်ကျင့်မန်ကပြော သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here