မြန်မာနိုင်ငံသည် ရုရှားနိုင်ငံ၏ ယုံကြည်စိတ်ချရသည့် မိတ်ဖက်နိုင်ငံ ဖြစ်ကြောင်း ရုရှားသမ္မတ ပူတင်ပြောကြား

0
257

မြန်မာနိုင်ငံသည် ရုရှားနိုင်ငံ၏ ယုံကြည်စိတ်ချရသည့် မိတ်ဖက်နိုင်ငံ ဖြစ်ကြောင်း ရုရှားသမ္မတ ပူတင်ပြောကြား

(၇) ကြိမ်မြောက် အရှေ့ဖျား စီးပွားရေးဖိုရမ်ကို တက်ရောက်ရန် ရုရှားနိုင်ငံသိုရောက်ရှိနေသည့် နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်တွေ့ဆုံစဉ် သမ္မတ ဗလာဒီမာပူတင်က ပြောကြားခဲ့ခြင်း ဖြစ်သည်။

” အရှေ့တောင်အာရှမှာဆိုရင် မြန်မာဟာ ရုရှားရဲ့ ယုံကြည်စိတ်ချရတဲ့ မိတ်ဖက်နိုင်ငံဖြစ်ပါတယ်။ လာမယ့်နှစ်မှာဆိုရင် ရုရှား မြန်မာ သံတမန်ဆက်ဆံရေး (၇၅) နှစ်မြောက်နှစ်ပတ်လည်ကို ဂုဏ်ပြုပါမယ်” ဟု သမ္မတ ပူတင်က ပြောကြားသည်။

နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်အဖွဲ့သည် အရှေ့ဖျား စီးပွားရေးဖိုရမ်ကို တက်ရောက်ရန် ရုရှားနိုင်ငံသို့ ရောက်ရှိနေခြင်း ဖြစ်ပြီး ယနေ့ စက်တင်ဘာလ (၇) ရက်တွင် ရုရှသမ္မတ ဗလာတီမာပူတင်နှင့် သီးခြားတွေ့ဆုံခဲ့ခြင်း ဖြစ်သည်။

အရှေ့ဖျား စီးပွားရေးဖိုရမ်သို့ ရုရှားသမ္မတ ဗလာဒီမာ ပူတင်၊ နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ အာမေးနီးယားနိုင်ငံ ဝန်ကြီးချုပ်၊ မွန်ဂိုလီးယားနိုင်ငံ ဝန်ကြီး ချုပ်နှင့် တရုတ်ပြည်သူ့ သမ္မ တနိုင်ငံ အမျိုးသားပြည်သူ့ကွန်ဂရက် ဥက္ကဋ္ဌတို့ တက်ရောက်သွားမည်ဖြစ်‌ကြောင်း သိရသည်။ 


ထို့အပြင် သမ္မတ ပူတင်အနေဖြင့် အရှေ့ဖျား စီးပွားရေးဖိုရမ် တက်ရောက်လာသည့် နိုင်ငံ ခေါင်းဆောင်များနှင့် တွေ့ဆုံသွားမည် ဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here