ဂျပန်နိုင်ငံသား တိုရုကူဘိုတာ ရှေ့နေငှားရမ်းခွင့်ရ

0
176

ဂျပန်နိုင်ငံသား တိုရုကူဘိုတာ ရှေ့နေငှားရမ်းခွင့်ရ


ဂျပန်နိုင်ငံသားမှတ်တမ်းရုပ်ရှင်ရိုက်ကူးသူ မစ္စတာ တိုရု ကူဘိုတာ (Toru Kubota) သည် ရှေ့နေငှားရမ်းခွင့်ရခဲ့ပြီး စက်တင်ဘာလ ၆ ရက်တွင် အင်းစိန်ထောင်အတွင်းတရားရုံးတွင် ၎င်း၏ ရှေ့နေနှင့်အတူ ရုံးထုတ်စစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။

အင်းစိန်ထောင်အတွင်း တရားရုံး၌ ရုံးထုတ်စစ်ဆေးခဲ့ပြီးနောက် နောက်ရုံးချိန်းကို လာမည့် စက်တင်ဘာလ ၁၄ ရက်သို့ ချိန်းဆိုထားကြောင်း သိရသည်။

ဂျပန်နိုင်ငံသား မှတ်တမ်းရုပ်ရှင် ရိုက်ကူးသူဖြစ်သည့် တိုရုကူဘိုတာကို လက်ရှိအချိန်တွင် ဗီဇာစည်းကမ်းဖောက်ဖျက်မှု၊ လ၀က ဥပဒေပုဒ်မ-၁၃(၁)နှင့် ပုဒ်မ-၅၀၅ (က)တို့ဖြင့် တရားစွဲဆိုထားပြီး အီလက်ထရွန်နစ်ပုဒ်မတစ်ခုဖြင့် ထပ်တိုးအရေးယူရန် စီစဉ်ထားသည်ဟု ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောကြားထားသော်လည်း ယနေ့အချိန်ထိအတည်ပြု မရနိုင်သေးပေ။

တိုရုကူဘိုတာသည် ပြီးခဲ့သည့် ဇွန် ၃၀ ရက်က ရန်ကုန်မြို့ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်တွင် ဆန္ဒပြပွဲတစ်ခုတွင်အဖမ်းခံခဲ့ရခြင်းဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here