ရွှေပြည်သာမြို့နယ်တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအ တွင်း သေနတ်ဖြင့် ဝင်ပစ်သည့်အတွက် ရာအိမ်မှူးတစ်ဦးသေဆုံး

0
100

ရွှေပြည်သာမြို့နယ်တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအ တွင်း သေနတ်ဖြင့် ဝင်ပစ်သည့်အတွက် ရာအိမ်မှူးတစ်ဦးသေဆုံး

ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်၊ အမှတ် (၉) ရပ်ကွက်၊မဟာမြိုင်လမ်းမပေါ်ရှိ ရပ်ကွက်အုပ်ချုပ်ရေးရုံးတွင် စ က် တင်ဘာ (၆) ရက်ညပိုင်းက သေနတ်ဖြင့် ဝင်ရောက်ပစ်ခတ်ခဲ့သည့်အတွက် ရာအိမ်မှူးတစ်ဦး သေဆုံးသွားကြောင်း သိရသည်။

ယမန်နေ့ စက်တင်ဘာလ (၆) ရက် ည (၇) နာရီခွဲခန့်က အ မည်မသိ သေနတ်သမားများက အမှတ် (၉) ရပ်ကွက် ၏ ရပ်ကွက်အုပ်ချုပ်ရေးရုံးအတွင်း သေနတ်ဖြင့် ဝင်ရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ပစ်ခတ်မှုကြောင့် ရာအိမ်မှူး ကိုအောင်ထူးဆိုသူမှာ သေနတ်ကျည်ထိမှန်ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ပြီး အခြား ထိခိုက်ဒဏ်ရာရရှိသူများလည်းရှိခဲ့ကြောင်း သိရသည်။

“ဖြစ်စဥ်ကဟုတ်ပါတယ်။ ရာအိမ်မှူးတစ်ယောက်သေသွားတယ်” ဟု ရွှေပြည်သာမြို့နယ်အခြေ စိုက် လူမှုကူညီရေးအသင်းဝင် တစ်ဦးက ပြောသည်။

အဆိုပါ အမှတ်(၉)ရပ်ကွက် ရပ်ကွက်အုပ်ချုပ်ရေးရုံး ပစ်ခတ်မှုကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် Yangon Urban Guerrilla Army(YUGA – MO 7 Eagles)တို့ပူး ပေါင်း လုပ်ဆောင်ခြင်းဖြစ်ကြောင်း  ယင်းအဖွဲ့များက သတင်း ထုတ်ပြန်ထားသည်။

ပစ်ခတ်မှုနှင့် ပတ်သက်၍ ကျူးလွန်သူများအား ဖမ်းဆီးရမိရေးနှင့် ဥပဒေအရ ထိရောက်စွာအရေးယူနိုင်ရေးတို့အတွက် လုံခြုံရေးအဖွဲ့ဝင်များက ပိတ်ဆို့ရှာဖွေစစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here