ကုလအတွင်းရေးမှူးချုပ်ကနျူစက်ရုံအားစစ်ကင်းမဲ့ဇုန်အဖြစ်သတ်မှတ်ရန်ရုရှားနှင့်ယူကရိန်းအားတိုက်တွန်း

0
112

ကုလအတွင်းရေးမှူးချုပ်ကနျူစက်ရုံအားစစ်ကင်းမဲ့ဇုန်အဖြစ်သတ်မှတ်ရန်ရုရှားနှင့်ယူကရိန်းအားတိုက်တွန်း

ကုလသမဂ္ဂအကြီးအကဲ အန်တိုနီယိုဂူတာရက်စ်က ယူကရိန်းနိုင်ငံရှိဇာပိုရီရှီအာ နျူကလီးယား ဓာတ်အားပေးစက်ရုံအနီးတစ်ဝိုက်အား စစ်ကင်းမဲ့နယ်မြေအဖြစ် ထားရှိရန် ရုရှားနှင့်ယူကရိန်းတို့အား  စက်တင်ဘာလ ၆ ရက် အင်္ဂါနေ့တွင် တိုက်တွန်းခဲ့သည်။

“ပထမအဆင့်အနေနဲ့ ရုရှားနဲ့ယူကရိန်းတပ်ဖွဲ့တွေဟာ စက်ရုံတည်နေရာ ဒါမှမဟုတ် စက်ရုံရှိတဲ့နေရာဆီကို စစ်ရေးလှုပ်ရှားမှုတွေ မလုပ်ဆောင်ဖို့ ကတိကဝတ်ပြုရမှာဖြစ်ပါတယ်” ဟု ဂူတာရက်စ်က ကုလသမဂ္ဂ လုံခြုံရေးကောင်စီသို့ပြောကြားခဲ့သည်။

“ဒုတိယအဆင့်အနေနဲ့ စစ်မဲ့နယ်မြေတစ်ခုဖြစ်ပေါ်ဖို့အတွက် သဘောတူညီချက်တစ်ခု ရအောင်လုပ်သင့်ပါတယ်” ဟု၎င်းကဆိုခဲ့သည်။

အထူးသဖြင့် ရုရှားတပ်ဖွဲ့ဝင်များအနေဖြင့် အဆိုပါပတ်၀န်းကျင်မှ စစ်ဘက်ဆိုင်ရာ ပစ္စည်းများအားလုံးနှင့် တပ်ဖွဲ့များအားလုံးဆုတ်ခွာရန်ကတိနှင့် ယူကရိန်းတပ်ဖွဲ့များ အနေဖြင့်လည်း ရုရှားတပ်များဆုတ်ခွာသွားပါက စက်ရုံအတွင်းသို့ ဝင်ရောက်ခြင်းမပြုရန် ကတိများပါ၀င်မည်ဖြစ်သည်” ဟု အဖွဲ့ဝင် ၁၅ ဖွဲ့အား မစ္စတာဂူတားရက်စ်ကပြောကြားခဲ့သည်။

အပြည်ပြည်ဆိုင်ရာ အနုမြူစွမ်းအင် အေဂျင်စီ (IAEA) က ဥရောပ၏အကြီးဆုံး နျူကလီးယား ဓာတ်အားပေးစက်ရုံ တစ်ဝိုက်တွင် လုံခြုံရေးဇုန်တစ်ခုပြုလုပ်ရန် အင်္ဂါနေ့အစောပိုင်းကတောင်းဆိုခဲ့ပြီး စစ်ပွဲအတွင်းအရှေ့ဖက်ရှိစက်ရုံတွင်ကြီးမားသောအပျက်အစီးများ တွေ့ရှိခဲ့သည်ဟု အဆိုပါအဖွဲ့၏ကျွမ်းကျင်သူများက ပြောကြားခဲ့ကြောင်းသိရှိရသည်။

Source -ရိုက်တာ/အီးစီ


LEAVE A REPLY

Please enter your comment!
Please enter your name here