မဟာအောင်မြေမြို့နယ်ရှိ ယာဥ်ထိန်းရုံးအနီး၌ လက်လုပ်ဗုံးပေါက်ကွဲမှုဖြစ်ပွား

0
179

မဟာအောင်မြေမြို့နယ်ရှိ ယာဥ်ထိန်းရုံးအနီး၌ လက်လုပ်ဗုံးပေါက်ကွဲမှုဖြစ်ပွား

မန္တလေးတိုင်း၊မဟာအောင်မြေမြို့နယ်၊ဟေမမာလာတောင်ရပ်ကွက်၊ ၇၈ လမ်းနှင့် ၃၇ လမ်းထောင့်ရှိ ယာဥ်ထိန်းရုံးအနီး၌ စက်တင်ဘာ ၆ ရက်နေ့လည်ပိုင်းက လက်လုပ်ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့သည်ဟု သိရသည်။


ယင်းနေ့နေ့လည် ၃ နာရီခန့်က ၇၈ လမ်းနှင့် ၃၇ လမ်းထောင့်ရှိ လမ်းဆုံတွင် ဆိုင်ကယ်စီးလာသည့် အမည်မသိအမျိုးသား ၂ ဦးက ယာဥ်ကြောရှင်းလင်းရေးလုပ်ဆောင်နေသည့် ယာဥ်ထိန်းရဲတပ်ဖွဲ့ဝင် ၂ ဦးအား လက်လုပ်ဗုံးဖြင့် ပစ်ပေါက်ခဲ့ကြသည်။

ထိုသို့ ပစ်ပေါက်ခဲ့ရာ လက်လုပ်ဗုံးသည် ယာဥ်ထိန်းရုံးအနီး၌ ကျရောက်၍ပေါက်ကွဲသွားခဲ့ကြောင်း သိရသည်။


ဖြစ်စဥ်တွင် လူများထိခိုက်ဒဏ်ရာရရှိမှုနှင့်ယာဥ်ထိန်းရုံးပျက်စီးမှုတို့ မရှိခဲ့ဘဲ အခင်းဖြစ်ပွားသည့်နေရာအား လုံခြုံရေးအဖွဲ့ဝင်များက လာရောက်စစ်ဆေးရာ သံဘောစေ့အချို့ကို သိမ်းဆည်းရမိခဲ့သည်ဟု သိရသည်။

Photo MDY image


LEAVE A REPLY

Please enter your comment!
Please enter your name here