လူနာပို့ပြီးပြန်လာသည့် ဇမ္ဗူဒီပါလူမှုကူညီရေးအသင်းကား ဆိုင်ကယ်အားတိမ်းရှောင်ရာမှ ရပ်ထားသည့် YBS ကားကိုဝင်တိုက် ၄ ဦးဒဏ်ရာရ

0
370

လူနာပို့ပြီးပြန်လာသည့် ဇမ္ဗူဒီပါလူမှုကူညီရေးအသင်းကား ဆိုင်ကယ်အားတိမ်းရှောင်ရာမှ ရပ်ထားသည့် YBS ကားကိုဝင်တိုက် ၄ ဦးဒဏ်ရာရ

ရန်ကုန်တိုင်း၊မြောက်ဥက္ကလာပမြို့နယ်အခြေစိုက် ဇမ္ဗူဒီပါလူမှုကူညီရေးအသင်း၏ လူနာတင်ကားသည် စက်တင်ဘာ ၇ ရက်(ယနေ့)နံနက်ပိုင်းက လူနာပို့ပြီးပြန်လာစဥ် ဆိုင်ကယ်အားတိမ်းရှောင်ရာမှ ရပ်ထားသည့် YBS 64 အားဝင်တိုက်မိခဲ့ကြောင်း သိရသည်။

ဇမ္ဗူဒီပါလူမှုကူညီရေးအသင်းကား လူနာပို့ပြီး ဝေဘာဂီလမ်းမကြီးအတိုင်းပြန်လာစဥ် YBS 64 ကားဂိတ်အနီးအရောက် တစ်ဖက်မှမောင်းနှင်လာသည့် ဆိုင်ကယ်အားတိမ်းရှောင်ရာမှ ရပ်ထားသည့် YBS 64 ကားအားဝင်တိုက်မိခဲ့ကြောင်း သိရသည်။


“YBS 64 ရဲ့ညာဖက်ခြမ်းကိုဝင်တိုက်မိတာပါ အ သင်း ဥက္ကဋ္ဌရယ် ကားမောင်းလာတဲ့ အသင်းရဲ့သ တင်းပြန်ကြားရေးတာဝန်ခံရယ် နောက်ခန်းမှာ လိုက်လာတဲ့ အကူ ၂ ယောက်ရယ် ၄ ယောက်ဒဏ်ရာရခဲ့ပါတယ်”ဟု ဇမ္ဗူဒီပါလူမှုကူညီရေးအ သင်းဝင်တစ်ဦးဖြစ်သည့် ကိုရဲဝေဖြိုးကပြော သည်။

ထိခိုက်ဒဏ်ရာရရှိခဲ့သည့် လူမှုကူညီရေးအသင်း ဝင် ၄ ဦးအား မြောက်ဥက္ကလာပမြို့နယ်ရှိ ချမ်း မြေ့ဆေးရုံသို့ ဆေးကုသမှုခံယူရန် ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

“လက်ရှိမှာ ၄ ယောက်လုံးအိမ်ပြန်ရောက်နေကြပါပြီ အသင်း ဥက္ကဋ္ဌကတော့ ဇက်နဲနဲထိသွားတယ် နောက်ကားကလည်း အတော်ပျက်စီးသွားတယ်” ဟု ကိုရဲဝေဖြိုးကပြောသည်။

ထို့ကြောင့် ဇမ္ဗူဒီပါလူမှုကူညီရေးအသင်း၏ လူ နာလမ်းကြောင်း(အခမဲ့)ကူညီမှုများနှင့်သဘာဝဘေးအန္တယ်ရယ်ကူညီမှုများအား ယာယီရပ်နားထားပါမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here