လားရှိုးမြို့မှပြန်လာသည့် အမျိုးသားတစ်ဦး အ ဝေးပြေးခရီးသည်တင်ကားပေါ်၌ သေဆုံး

0
86

လားရှိုးမြို့မှပြန်လာသည့် အမျိုးသားတစ်ဦး အ ဝေးပြေးခရီးသည်တင်ကားပေါ်၌ သေဆုံး

လားရှိုးမြို့မှရန်ကုန်မြို့သို့ အဝေးပြေးခရီးသည်တင်ကားဖြင့်ပြန်လာသည့် အမျိုးသားတစ်ဦးသည် စက်တင်ဘာ ၇ ရက်နံနက်ပိုင်းက ကားပေါ် ၌သေဆုံးခဲ့ကြောင်း ဖြူးမြို့မနာရေးကူညီမှုအ သင်းမှ သိရသည်။

သေဆုံးခဲ့သည့် အမျိုးသားသည် ရန်ကုန်တိုင်း၊တောင်ဥက္ကလာပမြို့နယ်၌နေထိုင်သည့် ကိုသော်ဇင်ထွန်း(၄၂)နှစ်ဖြစ်ကာ လားရှိုးမြို့မှပြန်လာစဥ် ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၏ ၁၁၅ မိုင်ယာဥ်ရပ်နားစခန်းအရောက် ကားခနနားချိန်၌ သေဆုံးနေသည်ကိုတွေ့ရှိခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

 

ထို့ကြောင့် အမြန်လမ်းရဲစခန်းသို့အကြောင်းကြားခဲ့သဖြင့် အမြန်လမ်းရဲတပ်ဖွဲ့ဝင်များက လာရောက်စစ်ဆေးရာ ပြင်ပဒဏ်ရာမရှိဘဲ သေဆုံးနေခြင်းဖြစ်ကြောင်း စစ်ဆေးသိရှိခဲ့ရသည်။

“ပြင်ပဒဏ်ရာတော့မရှိဘူးဗျ ကျွန်တော်တို့အ သင်းကိုဖုန်းဆက်ပြီး ရုပ်အလောင်းလာသယ်ဖို့အ ကူအညီတောင်းလို့သွားသယ်ပေးပြီး ဖြူးဆေးရုံက ရင်ခွဲရုံကိုပို့ပေးခဲ့တယ်”ဟုဖြူးမြို့မလူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။

ထို့ပြင် သေဆုံးရသည့်အကြောင်းရင်းအား သိရှိနိုင်ရန် ရင်ခွဲစစ်ဆေးမှုများပြုလုပ်သွားမည်ဖြစ်ကာ ၎င်း၏မိသားစုဝင်များထံသို့ ဆက်သွယ်အ ကြောင်းထားသည်ဟု သိရသည်။

“သူ့မိသားစုဝင်တွေဆီကိုတော့ အကြောင်းကြားထားတယ် လာနေပြီလို့တော့သိရတယ် ကျွန်တော်တို့ကတော့ ဆေးစစ်ချက်အဖြေကတော့ ဘယ်လိုဖြစ်မယ်ဆိုတာမသိပါဘူး”ဟု ဖြူးမြို့မလူမှုကူညီရေးအသင်းဝင်တစ်ဦးကပြော သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here