ရမည်းသင်းမြို့နယ်တွင် USDP ပါတီ၏ မြို့နယ်အလုပ်အမှုဆောင်တစ်ဦး သေနတ်ဖြင့်ပစ်သတ်ခံရ

0
138

ရမည်းသင်းမြို့နယ်တွင် USDP ပါတီ၏ မြို့နယ်အလုပ်အမှုဆောင်တစ်ဦး သေနတ်ဖြင့်ပစ်သတ်ခံရ

မန္တလေးတိုင်း၊ရမည်းသင်းမြို့နယ်၊နဘူးကျယ်ကျေးရွာအုပ်စု၊ကြာပင်အင်းကျေးရွာတွင် USDP ပါတီ၏ မြို့နယ်အလုပ်အမှုဆောင် ဦးထွန်းထွန်းဝင်း(၄၃)နှစ်သည် စက်တင်ဘာ ၆ ရက်ညပိုင်းက သေနတ်ဖြင့်ပစ်သတ်ခံခဲ့ရကြောင်း သိရသည်။

ယင်းနေ့ည ၈ နာရီခွဲခန့်က ဆိုင်ကယ်မောင်းလာသည့် အမည်မသိအမျိုးသား ၂ ဦးသည် ကျေးရွာလမ်းမီးတိုင်များဖွင့်ပြီးပြန်လာသည့် ဦးထွန်းထွန်းဝင်းအား ရွာလယ်လမ်းပေါ်၌ သေနတ်ဖြင့်ပစ် ခတ်၍ ထွက်ပြေးသွားခဲ့ကြကြောင်း သိရသည်။

ထိုသို့ ပစ်ခတ်ခံရမှုကြောင့် ဦးထွန်းထွန်းဝင်း၌ ကျည်ထိမှန်ဒဏ်ရာ ၁ ချက်ရရှိခဲ့သဖြင့် ဆေးကုသမှုခံယူရန် ဆေးရုံသို့ပို့ဆောင်စဥ်သေဆုံးသွားခဲ့ကြောင်း သိရသည်။

ထို့ကြောင့် ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေးအတွက် ပိတ်ဆို့ရှာဖွေစစ်ဆေးမှုများပြုလုပ်ခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here