ပြည်မြို့တွင် အမျိုးသမီးကြီး ၁ ဦးရထားကြိတ်ခံရ၍ သေဆုံး

0
342

ပြည်မြို့တွင် အမျိုးသမီးကြီး ၁ ဦးရထားကြိတ်ခံရ၍ သေဆုံး

ပဲခူးတိုင်း၊ပြည်မြို့၊မင်္ဂလာဦးရပ်ကွက်ရှိ ရထားလမ်းတွင် စက်တင်ဘာ ၇ ရက်နေ့လည်ပိုင်းက အမျိုးသမီးကြီး ၁ ဦး ရထားကြိတ်ခံရ၍သေဆုံးသွားခဲ့ကြောင်း မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့(ပြည်)မှ သိရသည်။

ယနေ့နေ့လည် ၃ နာရီခွဲခန့်က မင်္ဂလာဦးရပ်ကွက်ရှိ ကိုးသောင်းဘုရားအနီး ရထားလမ်းတွင် အမျိုး သမီးကြီးတစ်ဦးရထားကြိတ်ခံရကြောင်း သ တင်းအရ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (ပြည်)မှ ကူညီကယ်ဆယ်ရေးလုပ်ငန်းများပြု လုပ်ရန် သွားရောက်ခဲ့ကြသည်။


အခင်းဖြစ်နေရာ၌ ရထားကြိတ်ခံရသည့် အမျိုး သမီးသည် အသက်(၇၀)နှစ်ခန့်ရှိကာ ညာဘက်လက်ပြတ်ပြီး ရထားကြိတ်ခံထားရသည့် ဒဏ်ရာများဖြင့် အခင်းဖြစ်နေရာ၌ သေဆုံးလျက်ရှိကြောင်း သိရသည်။

ထို့ကြောင့် သေဆုံးသူ၏ ရုပ်အလောင်းအား ခေ တ္တရာလူငယ်များသာရေးနာရေးကူညီမှုအသင်းကားဖြင့် ပြည်မြို့ကုတင်(၅၀၀)ပြည်သူ့ဆေးရုံရင်ခွဲရုံသို့ ပို့ဆောင်ခဲ့ကြကြောင်း သိရသည်။


“ကျွန်တော်တို့ သိရသလောက်ကတော့ ရထားကြိတ်ခံရတဲ့ အမျိုးသမီးကြီးက အဲဒီနားတစ်ဝိုက်ကပဲလိူ့သိရတယ် လတ်တလော ရင်ခွဲရုံကိုပို့ထားပါတယ် ရဲတွေစစ်ဆေးနေကြပါတယ်”ဟု မြန်မာ နိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့(ပြည်)၏ အသင်း ဝင်တစ်ဦးကပြောသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here