အင်အားကြီး နိုင်ငံအချို့ ၏ ဒေါ်လာအနိုင်ကျင့်မှုကို နိုင်ငံငယ်များကခံနေကြရကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ပြော

0
432

အင်အားကြီး နိုင်ငံအချို့ ၏ ဒေါ်လာအနိုင်ကျင့်မှုကို နိုင်ငံငယ်များကခံနေကြရကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ပြော

မြန်မာအပါအဝင် နိုင်ငံငယ်များဟာ အင်အားကြီးနိုင်ငံများ၏ ဒေါ်လာအနိုင်ကျင့်မှုကို ခံနေရပြီး အင်အားကြီးနိုင်ငံများကို နိုင်ငံရေးနှင့် စီးပွားရေးတို့တွင် မလွန်ဆန်နိုင်ကြောင်း မြန်မာဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင် လှိုင်က ပြောကြားသည်။

ရုရှားနိုင်ငံတွင် ကျင်းပနေသည့် အရှေ့ဖျားစီးပွားရေး ဖိုရမ်  မိန့်ခွန်းတွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

ယင်းသို့ ဖြစ်ရခြင်းမှာ ကမ္ဘာ့ ကုန်သွယ်ရေးလမ်းကြောင်းရှိ အချို့သော အင်အားကြီးနိုင်ငံများက ဘဏ္ဍာရေးလုံခြုံမှုနှင့် ယှဥ်တွဲဖြစ်ပေါ်လာတဲ့ ဒေါ်လာကို လက်နက်သဖွယ်အသုံးချလုပ်ဆောင်နေခြင်းကြောင်း ဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။

အဆိုပါ ဒေါ်လာ အနိုင်ကျင့်ခံနေရမှုကို ကျော်လွှားနိုင်ရန် ရုရှားငွေကြေး ရူဘယ်အပါအဝင် တရုတ်ငွေကြေး ယွမ်နဲ့ အိန္ဒိယငွေကြေး ရူပီးတို့ကို အမေရိကန်ဒေါ်လာ အစားထိုးဆောင်ရွက်ပါက အဆင်ပြေမည်ဖြစ်ကြောင်းလည်း ၎င်းကဆိုသည်။

“ကမ္ဘာ့ကုန်သွယ်ရေးလမ်းကြောင်းပေါ်မှာ ရူဘယ်၊ ယွမ်၊ ရူပီး ငွေကြေးများကို ဒေါ်လာအစားထိုး အသုံးပြုသွားလို့ ရနိုင်ပါတယ်။ ဒါ့အပြင် ကုန်စည်ဖလှယ်မှုစနစ်ကိုလည်း ဒေါ်လာအစားထိုး ဆောက်ရွက်သွားနိုင်ပါတယ်’” ဟု ဆို သည်။

ယင်းသို့ လုပ်ဆောင်နိုင်ရန်အတွက် အင်အားကြီး မိတ် ဆွေ နိုင်ငံများအနေဖြင့် ဝိုင်းဝန်းကူညီ ဖြေရှင်းပေးရန် မေတ္တာရပ်ခံကြောင်းလည်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားခဲ့သည်။

အရှေ့ဖျား စီးပွားရေးဖိုရမ်တွင် သမ္မတ ပူတင်က အဖွင့်မိန့်ခွန်းပြောကြားခဲ့ပြီး ဗိုလ်ချုပ်မှူးကြီး မင်းအောင် လှိုင်အပါအဝင် နိုင်ငံအချို့မှ ခေါင်းဆောင်များလည်း မိန့်ခွန်းပြောကြားခဲ့သည်။

အဆိုပါ ဖိုရမ်၌ မိန့်ခွန်းပြောကြားရာတွင် အာဆီယံအဖွဲ့ဝင်နိုင်ငံ တစ်ခုဖြစ်သည့် မြန်မာနိုင်ငံသည် ပထဝီအနေအ ထားအရ အရှေ့တောင်အာရှ၊ တောင်အာရှဒေသတွင်းနိုင်ငံများနှင့် ကုန်သွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် ဥရောပနိုင်ငံများ ကူးလူးဆက်ဆံရာတွင် အဓိကကျသည့် နေရာတွင်ရှိကြောင်း ထည့်သွင်း ပြောကြားသွားသည်။

မြန်မာနိုင်ငံတွင် နိုင်ငံခြားရင်းနှီးမြှပ်နှံမှုများ အဆင်ပြေစေရန် လိုအပ်သည့် ဥပဒေများ ပြဌာန်းနေသည့် အတွက် ပြည်ပရင်းနှီး မြှုပ်နှံသူများအနေဖြင့်  မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီးမြှုပ်နှံမည်ဆိုပါက အကျိုးအမြတ်များမည်ဖြစ်ကြောင်းလည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့သည်။

ထို့အပြင် မြန်မာနိုင်ငံတွင် စီးပွားဖြစ် ထုတ်လုပ်နိုင်မည့် ကုဗပေ (၂)ထရီလီယံကျော်ရှိ ဓာတ်ငွေ့သိုက်တစ်ခု  ဘင်္ဂလားပင်လယ်အော်အတွင်းတွေ့ရှိထားပြီး  မကြာမီတွင် စီးပွားဖြစ် ထုတ်လုပ်နိုင်တော့မည်ဖြစ်သည့်အတွက် ရင်း နှီးမြှုပ်နှံမှုကို စိတ်ဝင်စားသည့် လုပ်ငန်းရှင်များအား ဖိတ် ကြားကြောင်းလည်း ထည့်သွင်း ပြောကြားသွားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here