ယူကေဝန်ကြီးချုပ်အသစ်လစ်ထရပ်စ် ယူကရိန်းသို့လာရောက်ရန်ဖိတ်ကြားချက်အား လက်ခံခဲ့

0
123

ယူကေဝန်ကြီးချုပ်အသစ်လစ်ထရပ်စ် ယူကရိန်းသို့လာရောက်ရန်ဖိတ်ကြားချက်အား လက်ခံခဲ့

လန်ဒန်၊စက်တင်ဘာ ၇

ဗြိတိန်ဝန်ကြီးချုပ်သစ် လစ်ထရပ်စ်သည် ယူကရိန်းသမ္မတ ‌ဗလာဒီမာဇလန်းစကီးနှင့် ပထမဆုံးတွေ့ဆုံစဉ်တွင် ယူကရိန်းနိုင်ငံသို့လာရောက်လည်ပတ်ရန် ဖိတ်ကြားချက်ကို လက်ခံခဲ့ပြီး ရုရှားနှင့်စစ်ပွဲအတွင်း ယူကရိန်းနိုင်ငံဘက်မှ ထောက်ခံကြောင်း ထပ်လောင်းပြောကြားခဲ့သည်။

ဗြိတိန်သည် ယူကရိန်း၏ အထင်ရှားဆုံးသော နိုင်ငံတကာကျောထောက်နောက်ခံများထဲမှ တစ်နိုင်ငံဖြစ်ပြီး တင့်ကားဖျက်လက်နက် ၇,၀၀၀ နီးပါး၊ရာနှင့်ချီသော ဒုံးကျည်များနှင့် သံချပ်ကာတိုက်ခိုက်ရေးယာဉ်များကိုပေးပို့ခဲ့သည့်အပြင် ယူကရိန်းစစ်သားများကိုလည်း လေ့ကျင့်ပေးလျက်ရှိကြောင်းသိရှိရသည်။

“ဝန်ကြီးချုပ်သည် သမ္မတဗလာဒီမာဇလန်းစကီးနှင့်တွေ့ဆုံစဉ် ယူကရိန်း၏ လွတ်လပ်ရေးနှင့်ဒီမိုကရေစီ‌ရေးအတွက် ဗြိတိန်၏ခိုင်မာသောထောက်ခံမှုကို ယနေ့ညနေပိုင်းတွင် ထပ်လောင်းပြောဆိုခဲ့သည်” ဟု ထရပ်စ်၏ရုံးမှပေးပို့သော စာအရသိရှိရသည်။

ဝန်ကြီးချုပ်က လာမည့်အချိန်ကာလများအတွင်း သမ္မတနှင့်လက်တွဲလုပ်ဆောင်ရန် မျှော်လင့်ကြောင်းပြောကြားခဲ့ပြီး သမ္မတဇလန်းစကီး၏ ယူကရိန်းသို့လာရောက်ရန်ဖိတ်ကြားခြင်းခံရသည့်အတွက် ဝမ်းမြောက်မိကြောင်းလည်း ပြောကြားခဲ့သည်။

Source -Reuters/ec


LEAVE A REPLY

Please enter your comment!
Please enter your name here