အုတ်တွင်းတွင်၇တန်းကျောင်းသူ Covid ပိုးတွေ့သေဆုံးပြီးနောက် ကျောင်းရှိ ဆရာ၊ ဆရာမများအပါအ၀င် ကျောင်းသား ၅၀၀ ကျော်ကို စစ်ဆေးရာ Covid-19 Positive ဖြစ်သူ ၅ ဦး တွေ့ရှိခဲ့

0
358

အုတ်တွင်းတွင်၇တန်းကျောင်းသူ Covid ပိုးတွေ့သေဆုံးပြီးနောက် ကျောင်းရှိ ဆရာ၊ ဆရာမများအပါအ၀င် ကျောင်းသား ၅၀၀ ကျော်ကို စစ်ဆေးရာ Covid-19 Positive ဖြစ်သူ ၅ ဦး တွေ့ရှိခဲ့

ပဲခူးတိုင်း၊အုတ်တွင်းမြို့ရှိ အ.ထ.က(အုတ်တွင်း) မှ ဆရာမ ၃ ဦးနှင့်ကျောင်းသား ၁ ဦး၊ကျောင်းသူ ၁ ဦး(စုစုပေါင်း ၅ ဦး)တွင် ကိုဗစ်(၁၉)ရောဂါပိုးစစ်ဆေးတွေ့ရှိခဲ့ရသည်ဟု ရင်ခုန်သံရှင်ရေးကူညီမှုအသင်း(အုတ်တွင်းမြို့)မှ သိရသည်။

“ဟုတ်တယ် မနေ့က ကျန်းမာရေးဝန်ထမ်းတွေလာစစ်သွားတာ တိုင်းကျန်းမာရေးဝန်ထမ်းတွေလည်းပါတယ် ကိုဗစ်ကြောင့်သေသွားတယ်ဆိုတဲ့ ၇ တန်းကျောင်းသူတက်တဲ့ကျောင်းရယ် ဗောဓိကုန်း အထက်တန်းကျောင်းရယ်က ဆရာ၊ဆရာမတွေနဲ့ ကျောင်းသား၊ကျောင်းသူ ၅၀၀ ကျော်ကို စစ်ပေးခဲ့တာပါ အဲဒီထဲကမှ ၅ ယောက်မှာပိုးတွေ့တာ”ဟု ရင်ခုန်သံရှင်ရေးကူညီမှုအသင်း(အုတ်တွင်းမြို့)၏ တာဝန်ရှိသူတစ်ဦးကပြောသည်။

ကိုဗစ်(၁၉)ရောဂါပိုးရှိ၊မရှိ စစ်ဆေးခြင်းအား အ.ထ.က(အုတ်တွင်း)၊ အ.ထ.က(ဗောဓိကုန်း)တို့မှ ဆရာ၊ဆရာမများနှင့်ကျောင်းသား၊ကျောင်းသူ ၅၂၆ ဦးကို RTD Test ဖြင့်စစ်ဆေးခဲ့ခြင်းဖြစ် သည်။

ရောဂါပိုးတွေ့ရှိခဲ့သူ ၅ ဦးသည် အ.ထ.က(အုတ်တွင်း)မှဖြစ်ကာ ကိုဗစ်(၁၉)ရောဂါကာကွယ်ဆေးထိုးနှံထားပြီးသူများဖြစ်၍ ရောဂါလက္ခဏာဖြစ်ပေါ်ခံစားရခြင်းမရှိသဖြင့် ၎င်းတို့၏နေအိမ်များ၌ သီးခြားခွဲထားကာစောင့်ကြည့်လျက်ရှိကြောင်း သိရသည်။

“ကာကွယ်ဆေးကို ၂ ကြိမ်၊ ၃ ကြိမ်နဲ့ ၄ ကြိမ်ထိုးထားပြီးသားတွေပါ ပိုးတွေ့တဲ့သူတွေက ရောဂါတွေ့ပေမယ့် ရောဂါကိုခံစားရတာမရှိကြဘူး ကာ ကွယ်ဆေးထိုးထားတော့ နောက်ပြီး သေဆုံးသွားတဲ့ ၇ တန်းကျောင်းသူနဲ့ပတ်သက်တဲ့ မိသားစုဝင်တွေ နီးစပ်သူတွေ ၁၀ ယောက်ကို စစ်တော့လည်း ၁၀ ယောက်လုံးမှာ ကိုဗစ်ရောဂါပိုးမတွေ့ခဲ့ပါဘူး” ဟု ရင်ခုန်သံရှင်ရေးကူညီမှုအသင်း၏ တာဝန်ရှိသူတစ်ဦးကပြောသည်။

ထို့ပြင် ရင်ခုန်သံရှင်ရေးကူညီမှုအသင်းမှ အ.ထ.က(အုတ်တွင်း)ကျောင်းဝင်းအတွင်းနှင့်သေဆုံးခဲ့သည့် ၇ တန်းကျောင်းသူ သင်ကြားခဲ့သည့် စာသင်ခန်းအပါအဝင် စာသင်ခန်းများအား ပိုးသတ်ဆေးဖျန်းပေးခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here