မွန်ဂိုလီးယားမှတစ်ဆင့် တရုတ်နိုင်ငံသို့သဘာဝဓာတ်ငွေ့ဖြန့်ဖြူးရေးစီမံကိန်းကို ရုရှားဆွေးနွေး

0
160

မွန်ဂိုလီးယားမှတစ်ဆင့် တရုတ်နိုင်ငံသို့သဘာဝဓာတ်ငွေ့ဖြန့်ဖြူးရေးစီမံကိန်းကို ရုရှားဆွေးနွေး

ဥရောပသို့ ဓာတ်ငွေ့တင်ပို့မှုရပ်နားထားရသဖြင့် ဥရောပအစား ဓာတ်ငွေ့ဝယ်ယူသူအဖြစ် တရုတ်အားအစားထိုးရန်ကြိုးပမ်းနေသည့် ရုရှားကမွန်ဂိုလီးယားမှတစ်ဆင့် တရုတ်နိုင်ငံသို့ဓာတ်ငွေ့ပေးပို့ရန် အဓိကအခြေခံအဆောက်အအုံသစ်စီမံကိန်းအား ဆွေးနွေးနေသည်ဟု ရုရှားသမ္မတဗလာဒီမာပူတင်က စက်တင်ဘာ ၇ ရက် ဗုဒ္ဓဟူးနေ့ကပြောကြားခဲ့သည်။

နိုင်ငံပိုင်ရုပ်မြင်သံကြားအစီအစဉ်တစ်ခုတွင် ရုရှားရေနံကုမ္ပဏီ Rosneft သည် မွန်ဂိုလီးယားအစိုးရနှင့် ရေနံထွက်ကုန်များ ထောက်ပံ့မှုတွင်ပူးပေါင်းဆောင်ရွက်ရေးကို တိုးချဲ့လုပ်ဆောင်ရန် သဘောတူညီမှုရရှိခဲ့သည်ဟု သမ္မတပူတင်ကဆိုသည်။

ကမ္ဘာ့ပထဝီဝင်နိုင်ငံရေး တင်းမာမှုများ မြင့်တက်လာချိန်တွင် တရုတ်နှင့် ရုရှားကြား ခိုင်မာသော ဆက်ဆံရေးနှင့် နီးကပ်သော ပူးပေါင်းဆောင်ရွက်မှုကို ပြသသည့်  EEF တွင် တရုတ်​ တက်ရောက်ခြင်းဖြစ်သည်ဟု ကျွမ်းကျင်သူများက မှတ်ချက်ပြုသည်။

တရုတ်နိုင်ငံ၏ ထိပ်တန်းဥပဒေပြုအဖွဲ့ဖြစ်သည့် အမျိုးသားပြည်သူ့ကွန်ဂရက် အမြဲတမ်းကော်မတီဥက္ကဋ္ဌ လီသည် စက်တင်ဘာ ၇ ရက်မှ ၁၇ ရက်အထိ စီစဉ်ထားသည့် ခရီးစဉ်အတွင်း EEF ပြီးပါက မွန်ဂိုလီးယား၊ နီပေါနှင့် တောင်ကိုရီးယားသို့ ဆက်လက်သွားရောက်မည်ဖြစ်ကြောင်း ဆင်ဟွာသတင်းအေဂျင်စီက ဖော်ပြခဲ့သည်။

EEF တွင် တရုတ်နှင့် ရုရှားကြား ခိုင်မာသော ဆက်ဆံရေးနှင့် ကမ္ဘာလုံးဆိုင်ရာနှင့် ဒေသတွင်းရေးရာများ၊စီးပွားရေးနှင့် ကုန်သွယ်မှု နယ်ပယ်များ တွင် ၎င်းတို့၏ အနီးကပ် ပူးပေါင်းဆောင်ရွက်မှုကိုလည်း မီးမောင်းထိုးပြခဲ့သည်။

 ထို့ပြင်ရုရှားမီးရထား JSC ၏ အမူ​ဆောင်အရာရှိချုပ်နှင့်မွန်ဂိုလီးယား ဝန်ကြီးချုပ်တို့​တွေ့ဆုံရာတွင် မွန်ဂိုလီးယား၏ ရထားလမ်းကဏ္ဍ ခေတ်မီရေး၊ ဆောက်လုပ်ရေးနှင့် ချဲ့ထွင်ရေးတို့အတွက် လုပ်ဆောင်ရန် က ဆုံးဖြတ်ခဲ့ကြသည်။

Ref: Reuters/st/kg

globaltimes.cn


LEAVE A REPLY

Please enter your comment!
Please enter your name here