ကိုဗစ်(၁၉)ရောဂါကြောင့် ဆေးရုံတက်ရသည့်နှုန်းနှင့်သေဆုံးသည့်နှုန်းလျော့နည်းစေသည့် နောက် ဆုံးပေါ်ကုသဆေး(သောက်ဆေး)အား PACLOVID ကိုမကြာမီဖြန့်ချီမည်

0
337

ကိုဗစ်(၁၉)ရောဂါကြောင့် ဆေးရုံတက်ရသည့်နှုန်းနှင့်သေဆုံးသည့်နှုန်းလျော့နည်းစေသည့် နောက် ဆုံးပေါ်ကုသဆေး(သောက်ဆေး)အား PACLOVID ကိုမကြာမီဖြန့်ချီမည်

မြန်မာနိုင်ငံသားပိုင် Pacific Medical Industries Ltd ဆေးဝါးစက်ရုံမှ PACLOVID(PAXLOVID (Nirmatrelvir 150mg; Ritonavir 100mg)အား ထုတ်လုပ်အောင်မြင်ခဲ့ပြီး ကိုဗစ်(၁၉)ရောဂါကြောင့် ဆေးရုံတက်ရသည့်နှုန်းလျော့နည်းစေသည့် နောက်ဆုံးပေါ်ကုသဆေး(သောက်ဆေး)အား မကြာမီဖြန့်ချီမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ကိုဗစ်(၁၉)ရောဂါကုသခြင်းအတွက် နောက်ဆုံးပေါ်ကုသဆေး(သောက်ဆေး)အား WHO, US FDA, UK MHRA, Korea FDA, Singapore FDA အပါအဝင် ကမ္ဘာ့ဖွံ့ဖြိုးပြီးနိုင်ငံများ၏ ကျန်းမာရေးအဖွဲ့အစည်းများမှ ကုသမှုအပိုင်းတွင်အောင်မြင်မှုအမြင့်ဆုံးသောက်ဆေးအဖြစ်ထောက်ခံထားပြီး FDA Myanmar မှလည်း ထောက်ခံစာအမှတ်(2308ND012)ဖြင့် ခွင့်ပြု ချက်ရရှိပြီးဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် ကိုဗစ်ကုသရေးဆရာဝန်များ၊ဆေးရုံ ဆေးခန်း၊ဆေးဆိုင်များအပါအဝင် စျေးကွက်အတွင်းသို့ မကြာမီ ဖြန့်ချီသွားမည်ဖြစ်၍ Pre-order အနေဖြင့်မှာယူနိုင်ကြောင်း သိရသည်။

အဆိုပါ PACLOVID(Nirmatrelvir 150mg; Ritonavir 100mg)ဆေးသည် ကိုဗစ်(၁၉)ရောဂါကြောင့် ဆေးရုံတက်ရသည့်နှုန်းလျော့နည်းစေကာ ရောဂါဆိုးရွားစွာကူးစက်ခံနေရသူများ စောလျင်စွာကုသပါက သေဆုံးမှုနှုန်း ၉၀ ရာခိုင်နှုန်းအထိလျော့ချပေးနိုင်ကြောင်း သိရသည်။

ထို့ပြင် delta နှင့် omicron မျိုးစိတ်များအား (ဓာတ်ခွဲစမ်းသပ်ချက်အရ)အောင်မြင်စွာကုသနိုင်ပြီး အသက် ၁၂ နှစ်အထက် ကိုယ်အလေးချိန် ၄၀ ကီလိုဂရမ် အထက်ကလေးများအား ကုသပေးနိုင်ကြောင်း သိရသည်။

ယင်းဆေးသည် Prescription Only Medicine (POM)ဆေးအမျိုးအစားဖြစ်၍ ဆရာဝန်ညွှန် ကြားချက်အတိုင်းသောက်ရမည်ဖြစ်သည်ဟု သိရသည်။

ထို့ကြောင့် PACLOVID ဆေးအား Preorder မှာယူလိုသူများသည် ဆရာဝန်ဆေးညွှန်းစာ(သို့)ဆေးရုံ ဆေးခန်းမှ request letter ပေးပို့၍ AA Medical Products Ltd ၏ Viber ဖုန်းနံပါတ်များဖြစ်သည့် ၀၉-၄၄၅၀၂၃၃၄၂ ၊ ၀၉-၄၄၅၀၂၃၃၆၂ ၊ ၀၉-၄၄၅၀၂၃၃၇၂ ၊ ၀၉-၄၄၅၀၂၃၃၃၆ ၊ ၀၉-၄၄၀၅၅၇၄၇၆ တို့သို့ဆက်သွယ်မှုယူနိုင်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here