အူရီဒူးမြန်မာကစင်ကာပူ ကုမ္ပဏီတစ်ခုထံ ကန်ဒေါ်လာ ၅၇၆ သန်းဖြင့် ရောင်းချ

0
164

အူရီဒူးမြန်မာကစင်ကာပူ ကုမ္ပဏီတစ်ခုထံ  ကန်ဒေါ်လာ ၅၇၆ သန်းဖြင့် ရောင်းချ

ပြည်ပရင်းနှီး မြှုပ်နှံမှု ဆက်သွယ်ရေးကုမ္ပဏီဖြစ်သည့် ကာတာအခြေ စိုက် အူရီဒူးမြန်မာက စင်ကာပူနိုင်ငံ ကုမ္ပဏီ တစ်ခုထံ ကန်ဒေါ်လာ ၅၇၆ သန်းဖြင့် ရောင်းချလိုက်ပြီဖြစ်ကြောင်း သိရသည်။

ကာတာအခြေစိုက် အူရီဒူးမြန်မာကုမ္ပဏီကစင်ကာပူအ ခြေစိုက် Nine Communications.,Ltd ကုမ္ပဏီထံ အမေရိကန်ဒေါ်လာ ၅၇၆ သန်းဖြင့် ရောင်းချလိုက်ခြင်းဖြစ်ကြောင်း ရို က်တာ သတင်းဌာနက ဖော်ပြခဲ့ခြင်း ဖြစ်သည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ထွက်ပေါ်ခဲ့သည့် သတင်းများအရ အူရီဒူးမြန်မာကို စက်ကာပူနိုင်ငံရှိ မြန်မာနိုင်ငံသား စီးပွားရေးလုပ်ငန်းရှင်တစ်ဦး ပိုင်ဆိုင်သည့် ကုမ္ပဏီက ပြန်လည်ဝယ်ယူရန် ပြင်ဆင်နေကြောင်း သတင်းများ ထွက်ပေါ်ခဲ့သော်လည်း ယခုတွင်မူ စင်ကာပူကုမ္ပဏီ တစ်ခုသို့ ရောင်းချခဲ့ခြင်း ဖြစ်သည်။

ကာတာအခြေစိုက် အူရီဒူးကုမ္ပဏီ အနေဖြင့် မြန်မာနိုင်ငံမှ ပြန်လည်ထွက်ခွာရန် ပြင်ဆင်နေကြောင်း ပြီးခဲ့သည့် ဇွန်လအတွင်းကပင် သတင်းများ ထွက်ပေါ်ခဲ့သော်လည်း ဆက်သွယ်ရေးဝန်ကြီးဌာနက သ တင်း ထုတ်ပြန်ခြင်းမရှိခဲ့သည့်အပြင် အော်ရီဒူးမြန်မာအ နေဖြင့်လည်း မည်သည့်သတင်း ထုတ်ပြန်ခြင်းမျိုးမှ မရှိခဲ့ပေ။

စင်ကာပူအ ခြေစိုက် Nine Communications  PTE.,Ltd ကုမ္ပဏီနှင့် အူရီဒူးတို့အကြား ရောင်းချခြင်း သဘောတူ စာချုပ်တစ်ရပ်ရေးထိုးခဲ့ပြီး ဖြစ်ကြောင်းနှင့် အဆိုပါရောင်းချငွေ ကန်ဒေါ်လာ ၅၇၆သန်း၊ ရှယ်ယာတန်ဖိုးအနေဖြင့် ၁၆၂ သန်း ဖြစ်ပြီးငွေပေးငွေယူမှုသည် မြန်မာ့စည်းမျဉ်းစည်းကမ်း သဘောတူညီချက်များအပါအဝင် ဓလေ့ထုံးတမ်းအတိုင်း ပိတ်သိမ်းမှုအခြေအနေများနှင့် သက်ဆိုင်ပါသည်ဟု ကုမ္ပဏီက‌ဆိုထားသည်။

အူရီဒူးမြန်မာသည် မြန်မာနိုင်ငံတွင် သုံးစွဲသူပေါင်း ၁၅ သန်းနီးပါးဖြင့် တတိယမြောက်ဈေးကွက် ဝေစုအများဆုံး ရရှိထားသည့် ကုမ္ပဏီတစ်ခုလည်း ဖြစ်သည်။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် မတ်လအတွင်း နော်ဝေ နိုင်ငံအ ခြေစိုက် Telenor Group မှ ပိုင်ဆိုင်သည့် တယ်လီနောမြန်မာကုမ္ပဏီကို လက်ဘနွန်နိုင်ငံအခြေစိုက် M1 Group နှင့် မြန်မာအခြေစိုက် ရွှေဗျိုင်းဖြူကုမ္ပဏီတို့မှ အမေရိကန်ဒေါ်လာ ၁၀၅ သန်းဖြင့် အကျိုးတူ ဝယ်ယူခဲ့ပြီး အက်တန်အမည်ဖြင့် ဆက်လက် လုပ်ကိုင်လျက် ရှိသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here