ဘီးလင်းမြို့တွင် စစ်မှုထမ်းဟောင်း ဒု-ဥက္ကဋ္ဌ သေ နတ်ဖြင့်ပစ်သတ်ခံရ

0
149

ဘီးလင်းမြို့တွင် စစ်မှုထမ်းဟောင်း ဒု-ဥက္ကဋ္ဌ သေ နတ်ဖြင့်ပစ်သတ်ခံရ

မွန်ပြည်နယ်၊ဘီးလင်းမြို့၊ကန်သာယာ(၇)ရပ် ကွက်၊မြို့ပတ်လမ်းနေ မြို့နယ်စစ်မှုထမ်းဟောင်း ဒု-ဥက္ကဋ္ဌဖြစ်သည့် ဗိုလ်မှူး(ငြိမ်း)ဦးလှဝင်းသိန်း (၄၅)နှစ်ခန့်သည် စက်တင်ဘာ ၈ ရက်(ယနေ့) နံနက်ပိုင်းက သေနတ်ဖြင့်ပစ်သတ်ခံခဲ့ရကြောင်း သိရသည်။

ယနေ့နံနက် ၇ နာရီကျော်ခန့်က အမည်မသိအမျိုး သားများသည် မြို့ပတ်လမ်းရှိ ဦးလှဝင်းသိန်းပိုင်ဆိုင်သည့် စတိုးဆိုင်သို့ ရောက်ရှိလာကာ စျေးဝယ်ဟန်ဆောင်၍ ဦးလှဝင်းသိန်းအား သေနတ်ဖြင့်ပစ်ခတ်ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ ပစ်ခတ်ခံရမှုကြောင့် ဦးလှဝင်းသိန်းသည် ကျည်ထိမှန်ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာ ၌သေဆုံးသွားခဲ့ကြောင်း သိရသည်။

အခင်းဖြစ်စဥ်အား လုံခြုံရေးအဖွဲ့ဝင်များက စစ် ဆေးမှုများပြုလုပ်ကာ ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေးအတွက် စုံစမ်းစစ်ဆေးမှုများနှင့်ပိတ်ဆို့ရှာဖွေစစ်ဆေးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here