မြန်မာနိုင်ငံလုံးဆိုင်ရာရှမ်းနီသံဃာတော်များ သမဂ္ဂ(ဗဟို)အလုပ်အမှု ဆောင် ဆရာတော်ဦးဂန္ဓမာ အားလက်နက်ကိုင်အဖွဲ့ဝင်များက ဖမ်းဆီးသတ်ဖြတ်ခဲ့မှုကို ပြင်းထန်စွာပြစ်တင်ရှုံ့ချ

0
232

မြန်မာနိုင်ငံလုံးဆိုင်ရာရှမ်းနီသံဃာတော်များ သမဂ္ဂ(ဗဟို)အလုပ်အမှု ဆောင် ဆရာတော်ဦးဂန္ဓမာ အားလက်နက်ကိုင်အဖွဲ့ဝင်များက ဖမ်းဆီးသတ်ဖြတ်ခဲ့မှုကို ပြင်းထန်စွာပြစ်တင်ရှုံ့ချ

 

စစ်ကိုင်းတိုင်း၊ဗန်းမောက်မြို့နယ်၊နောင်ပတ်ကျေးရွာ၌ စက်တင်ဘာ ၄ ရက်က မြန်မာနိုင်ငံလုံးဆိုင်ရာရှမ်းနီသံဃာတော်များသမဂ္ဂ(ဗဟို) အလုပ်အမှုဆောင်(ဘဏ္ဍာတော်ထိန်း)ဆရာတော် ဦးဂန္ဓမာ(ရှမ်းနီဦးပဇ္ဇင်း)အား လက်နက်ကိုင်အဖွဲ့ဝင်များက ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် သတ်ဖြတ်ခဲ့ကြသည်ဟု ရှမ်းနီအမျိုးသားများတပ်မတော်(ဗဟိုကော်မတီက)ထုတ်ပြန်ခဲ့သည်။

 ဗုဒ္ဓဘာသာစည်ပင်တိုး တက်ရေးနှင့်ရှမ်းနီအမျိုးသားများဖွံ့ဖြိုးတိုးတက်ရေး ရှမ်းနီစာပေထွန်းကားပြန့်ပွားရေးတို့အတွက် စွမ်းစွမ်းတမံအားထုတ်ကြိုးပမ်းလျက်ရှိသောဆရာတော်ဦးဂန္ဓမာအား ဖမ်းဆီးသတ်ဖြတ်ခြင်းသည် အကြမ်းဖက်လုပ် ရပ်ဖြစ်သည့်အပြင် ရှမ်းနီတစ်မျိုးသားလုံးနှင့်ဗုဒ္ဓ ဘာသာကြီးတစ်ခုလုံးအား ခြိမ်းခြောက် ရန်ပြုသည့် အန္တရာယ်ဆိုးကြီးတစ်ရပ်ဖြစ်သည်ဟု ထုတ်ပြန်ခဲ့သည်။

ထို့ပြင် ဆရာတော်အားဖမ်းဆီးသတ်ဖြတ်ခဲ့သည့် လက်နက်ကိုင်အဖွဲ့ဝင်များသည် ရှမ်းနီဒေသအ တွင်း ဖယ်ဒရယ်ဒီမိုကရေစီနှင့်တော်လှန်ရေးအား ဟန်ဆောင်အကြောင်းပြကာ လူ့အခွင့်အရေးများအား ပြောင်ပြောင်တင်းတင်းကျူးလွန်ချိုးဖောက်နေသည်ဟု ထုတ်ပြန်ချက်၌ ရေးသားထားသည်။

ထို့အတူ ရှမ်းနီအမျိုးသားရေးအတွက် တက်ကြွစွာဆောင်ရွက်သူများအား အကြောက်တရားဖြင့် လက်နက်ပြဖမ်းဆီးနှိပ်စက်ခြင်း၊သတ်ဖြတ်ခြင်း၊ရှမ်းနီဒေသတွင်း ပြည်သူများအပေါ် လူ့အခွင်အရေးများချိုးဖောက်ခြင်း၊ပြည်သူလူထုကြားတွင် ထင်ယောင်ထင်မှားဖြစ်စေရန် လုပ်ကြံဖန်တီးသတင်းလွှင့်ခြင်းများပြုလုပ်ခဲ့ကြသည်ဟု ရေးသားဖော်ပြထားသည်။

အဆိုပါ လက်နက်ကိုင်အဖွဲ့ဝင်များသည် သြဂုတ်လအတွင်းကလည်း ရှမ်းနီစာပေနှင့်ယဉ်ကျေးမှု နာယက ဦးစိုင်းသန်းဖေ၊ ရှမ်းနီစာပေဆရာ စိုင်းရေကျော်တို့အား ဖမ်းဆီးသတ်ဖြတ်ခဲ့ပြီး လက်ရှိတွင်လည်း ဆရာတော်ဦးဂန္ဓမာအားသတ်ဖြတ်ခဲ့သဖြင့် ရှမ်းနီအမျိုးသားများတပ်မတော်(ဗဟိုကော်မတီ)ကပြင်းထန်စွာပြစ်တင်ရှုံ့ချသည်ဟု ထုတ်ပြန်ရေးသားထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here