နေပြည်တော် ရေပန်းဥယျာဉ်ကို ဆန်းမြတ်ထွန်း ကုမ္ပဏီထံ (၂၀) နှစ် ငှားရမ်း၊ (၃) နှစ်အတွင်း ငွေကျပ် (၁၅) ဘီလီယံဖြင့် အဆင့်မြှင့်တင်ရမည်

0
448

နေပြည်တော် ရေပန်းဥယျာဉ်ကို ဆန်းမြတ်ထွန်း ကုမ္ပဏီထံ  (၂၀) နှစ် ငှားရမ်း၊ (၃) နှစ်အတွင်း ငွေကျပ် (၁၅) ဘီလီယံဖြင့် အဆင့်မြှင့်တင်ရမည်

နေပြည်တော် ရေပန်းဥယျာဉ်ကို ဆန်းမြတ်ထွန်း ကုမ္ပဏီအား နှစ်(၂၀) ငှားရမ်းလုပ်ကိုင်ခွင့်ပြုခဲ့ပြီး ကုမ္ပဏီအနေ ဖြင့် (၃) နှစ်အတွင်း ငွေကျပ် (၁၅)ဘီလီယံဖြင့် အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများ လုပ်ဆောင်ရမည်ဖြစ်ကြောင်း နေပြည်တော် စည်ပင်သာယာရေးကော်မတီထံမှ သိရသည်။

အဆိုပါ ငှားရမ်းမှုမှာ နေပြည်တော် စည်ပင်နှင့် ဆန်းမြတ်ထွန်းကုမ္ပဏီတို့အကြား ၂၀၂၀ ခုနှစ် ဇန်နဝါရီလအတွင်းက ဆွေးနွေးမှုအရ သဘောတူညီမှုများကို ၂၀၂၂ ခုနှစ် ဖေဖေါ်ဝါရီလတွင် ပြည်ထောင်စုအစိုးရအဖွဲ့က ခွင့်ပြုပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ယင်းသို့ ခွင့်ပြုခဲ့သည့်အတွက် ရင်းနှီးမြုပ်နှံမှုကော်မရှင်သို့ သဘောတူစာချုပ်မူကြမ်းကို တင်ပြပေးခဲ့ရာ ကော် မရှင်မှ ၂၀၂၂ ခုနှစ် ဇူလိုင်လအတွင်း အပြီးသတ် ခွင့်ပြုခဲ့သည့်အတွက် ဆန်းမြတ်ထွန်းကုမ္ပဏီကို နှစ်ရှည်ငှားရမ် ခဲ့ခြင်းဖြစ်ကြောင်း နေပြည်တော် စည်ပင်သာယာရေး ကော်မတီထံမှ သိရသည်။

နေပြည်တော် စည်ပင်သာယာရေး ကော်မတီနှင့် ဆန်းမြတ်ထွန်း ကုမ္ပဏီတို့အကြား ရေပန်းဥယျာဉ် နှစ်ရှည်ငှားရမ်းခွင့် သဘောတူစာချုပ်ကို စက်တင်ဘာလ (၁) ရက်တွင် ချုပ်ဆို‌ခဲ့ကြောင်း သိရသည်။

အဆိုပါ နှစ်ဦးသဘောတူ စာချုပ်အရ နေပြည်တော် ရေ ပန်းဥယျာဉ်အား ဆန်းမြတ်ထွန်းကုမ္ပဏီမှ ကနဦး (၁၀) နှစ်နှစ် သက်တမ်းတိုး (၅) နှစ် (၂) ကြိမ်ဖြင့် စုစုပေါင်း နှစ်(၂၀) ငှားရမ်းလုပ်ကိုင်ခွင့် ရရှိမည်ဖြစ်ကြောင်း သိရသည်။

ရေပန်းဥယျာဉ် ငှားရမ်းမှု သဘောတူ စာချုပ်အရ ကုမ္ပ ဏီအနေဖြင့် (၃)နှစ်အတွင်း ငွေကျပ် (၁၅) ဘီလီယံအ သုံးပြုကာ အဆင့်မြှင့်တင်မှု လုပ်ငန်းများ ဆောင်ရွက်ရမည်ဖြစ်ကြောင်း နေပြည်တော် စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက်အရ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here