မြဝတီ-ကော့ကရိတ်သွား အာရှလမ်းမကြီးပေါ်တွင် ၂၂ ဘီးတွဲကားတိမ်းမှောက် ကား ၂ စီးပေါ်ပိမိ

0
398

မြဝတီ-ကော့ကရိတ်သွား အာရှလမ်းမကြီးပေါ်တွင် ၂၂ ဘီးတွဲကားတိမ်းမှောက် ကား ၂ စီးပေါ်ပိမိ

ကရင်ပြည်နယ်ရှိ မြဝတီ-ကော့ကရိတ်သွား အာရှလမ်းမကြီးပေါ်တွင် စက်တင်ဘာ ၈ ရက်(ယနေ့) နေ့လည်ပိုင်းက ၂၂ ဘီးတွဲကားတစ်စီးတိမ်းမှောက်ခဲ့ပြီး ကား ၂ စီးပေါ်သို့ပိမိခဲ့သည်ဟု လူမှုကူညီရေးအသင်းများမှ သိရသည်။

ယနေ့နေ့လည်ပိုင်းက အာရှလမ်းမကြီး၏ နတ်စင်ကုန်းအနီးတွင် မြဝတီမြို့ဘက်မှ ကုန်ပစ္စည်းများတင်ဆောင်မောင်းနှင်လာသည့် ၂၂ စီးတွဲကားမှ လမ်းပျက်စီးနေသဖြင့် ဖြေးညင်းစွာမောင်းနှင်လာစဥ် တိမ်းမှောက်သွားခဲ့ခြင်းဖြစ်သည်။


၂၂ ဘီးတွဲကားတိမ်းမှောက်စဥ် ကော့ကရိတ်မြို့ဘက်မှမြဝတီမြို့ဘက်သို့ မောင်းနှင်လာသည့် ကိုယ်ပိုင်ကားတစ်စီးနှင့်ကုန်တင်ကားလေးတစ်စီးတို့ပေါ်သို့ ပိမိသွားခဲ့ကြောင်း သိရသည်။

“အဲဒီနားက ခနခနဖြစ်နေတာ လမ်းကအတော်ကြီးပျက်စီးနေပြီ အခုကားတွေပိတ်နေတယ် လူထိခိုက်မှုတော့မရှိပါဘူး ကားတွေကတော့ပျက်စီးမှုရှိတယ် “ဟု ကော့ကရိတ်မြို့နယ်အခြေစိုက် လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here