ဘားအံမြို့နယ်တွင် စိတ်ကြွဆေးပြားများနှင့်အတူ လက်နက်၊ခဲယမ်းများဖမ်းမိ

0
144

ဘားအံမြို့နယ်တွင် စိတ်ကြွဆေးပြားများနှင့်အတူ လက်နက်၊ခဲယမ်းများဖမ်းမိ

ကရင်ပြည်နယ်၊ဘားအံမြို့နယ်၊သာမညကျေးရွာ၊ရွာအေးရပ်ကွက်တွင် ကရင်ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးမှတပ်ဖွဲ့ဝင်များက စက်တင်ဘာ ၆ ရက်ညနေပိုင်းက ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းနေ့ညနေ ၄ နာရီခန့်က သာမညကျေးရွာ၊ရွာအေးရပ်ကွက်နေ စောစအဲ(ခ)မောင်ဘူ(၄၄)နှစ်၏ နေအိမ်အား ရဲတပ်ဖွဲ့ဝင်များက သတင်းအရဝင်ရောက်ရှာဖွေခဲ့ကြသည်။

ထိုသို့ ရှာဖွေရာ ၎င်းနှင့်အတူ စောပဒဲဖောင်(ခ) ကျော်ဒေါက်ပိုင်(၂၆)နှစ်အားတွေ့ရှိခဲ့ရကာ ခြံ၀င်းအတွင်းရပ်ထားသည့် MARK II ကားပေါ်မှ စိတ်ကြွဆေးပြား ၁၆၁၂၄ ပြား၊ခြောက်လုံးပြူးသေနတ် ၁ လက်၊ ၎င်းကျည် ၁၂ တောင့်၊ လက် လုပ်လေသေနတ် ၂ လက်၊ ၅ ဒသမ ၅၆ ကျည် ၃၉ တောင့်နှင့် လက်ပစ်ဗုံး ၃ လုံးတို့အား ဖမ်းဆီးရမိခဲ့သည်။

စစ်ဆေးချက်အရ အဆိုပါ စိတ်ကြွဆေးပြားများနှင့်လက်နက်၊ခဲယမ်းများအား ၎င်းတို့ ၂ ဦးအတူတကွသုံးစွဲရန်နှင့်ပြန်လည်ရောင်းချရန်အတွက် ဝယ်ယူထားခြင်းဖြစ်ကြောင်း ဖော်ထုတ်သိရှိခဲ့ရသည်။

ထို့ကြောင့် စိတ်ကြွဆေးပြား၊လက်နက်၊ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိသူ ၂ ဦးအား အိန္ဒုနယ် မြေရဲစခန်းက မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်း လဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့်ကာ ဆက်စပ်ပြစ်မှုကျူးလွန်သူများအား ထပ်မံဖမ်းဆီးရမိရေးအတွက် စစ်ဆေးလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here