ဖယ်ခုံမြို့နယ်ရှိ ဓာတ်အားပေးတာဝါတိုင် ၁ ခုမိုင်းထောင်ဖောက်ခွဲဖျက်ဆီးခံရ၍ လောပိတ-တီကျစ် မဟာဓာတ်အားလိုင်း ဓာတ်အား ပို့လွှတ်မှု ပြတ်တောက်နေ

0
211

ဖယ်ခုံမြို့နယ်ရှိ ဓာတ်အားပေးတာဝါတိုင် ၁ ခုမိုင်းထောင်ဖောက်ခွဲဖျက်ဆီးခံရ၍ လောပိတ-တီကျစ် မဟာဓာတ်အားလိုင်း ဓာတ်အား ပို့လွှတ်မှု ပြတ်တောက်နေ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဖယ်ခုံမြို့နယ်၊ မိုးဗြဲကျေးရွာ၊ ပေါ်ဦးရပ်ကွက်အနီးရှိ ဓာတ်အားပေးတာဝါတိုင် ၁ ခုသည် စက်တင်ဘာ ၆ ရက်ညပိုင်းက မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခံခဲ့ရသည်။

ယင်းနေ့ည ၈ နာရီ ၄၅ မိနစ်ခန့်က လက်နက်ကိုင်အဖွဲ့ဝင်များမှ ဓာတ်အားပေးတာဝါတိုင်အမှတ် ၁၃၀ အား မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့သဖြင့် လဲကျပျက်စီးသွားခဲ့သည်။

ထို့ကြောင့် မဟာဓာတ်အားလိုင်းမှူးရုံး(လွိုင်ကော်)မှ တာဝန်ယူထိန်းသိမ်းရသည့် ၁၃၂ ကေဗွီ လောပိတ-တီကျစ် မဟာဓာတ်အားလိုင်း၏ ဓာတ် အားပို့လွှတ်မှုပြတ်တောက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ပျက်စီးသွားသည့် ဓာတ်အားပေးတာဝါတိုင်အား သက်ဆိုင်ရာဌာနမှ ပြန်လည်ပြုပြင်ရန် ဆောင်ရွက်လျက်ရှိကာ လုံခြုံရေးအဖွဲ့ဝင်များက ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေးအတွက် ရှာဖွေစစ်ဆေးလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here