ရုရှားကို ရန်စသည့် အ‌‌နောက်အုပ်စု၏ မူဝါဒများ မမှန်ကန်ဟုတူကီယေးသမ္မတဆို

0
132

ရုရှားကို ရန်စသည့် အ‌‌နောက်အုပ်စု၏ မူဝါဒများ မမှန်ကန်ဟုတူကီယေးသမ္မတဆို

ဘဲလ်ဂရိတ်၊စက်တင်ဘာ ၇

ဥရောပသမဂ္ဂနှင့် ဂျီဆဲဗင်းနိုင်ငံများက ရုရှားဓာတ်ငွေ့ကို စျေးနှုန်းသတ်မှတ်ရန် အဆိုပြုပြီးနောက် အနောက်အုပ်စု၏ ရန်စသည့်မူဝါဒများသည် မှန်ကန်သည်ဟုမထင်ကြောင်း တူကီ‌ယေးသမ္မတအာဒိုဂန်က စက်တင်ဘာ ၇ ရက်တွင်ပြောကြားခဲ့သည်။

ယခုဆောင်းရာသီတွင် ကမ္ဘာ့အချမ်းသာဆုံးနိုင်ငံအချို့၌ သဘာဝဓာတ်ငွေ့ခွဲတမ်းချ‌ ရေးတွင်ဆုံးရှုံးနိုင်ခြေကို ကြီးမားစေသည့် ရုရှား၏ဓာတ်ငွေ့ခွဲဝေမှုနှင့်ပတ်သက်၍ သမ္မတဗလာဒီမာပူတင်ကလည်း အီးယူအနေနဲ့ပိတ်ဆို့မယ့်ခြေလှမ်းမျိုး လုပ်ဆောင်ခဲ့မယ်ဆိုရင် ဓါတ်ငွေ့ပေးသွင်းမှုအားလုံးကို ရပ်ဆိုင်းမယ်လို့ အစောပိုင်းကခြိမ်းခြောက်ခဲ့သည်။

အာဒိုဂန်သည်ဘဲလ်ဂရိတ်တွင် ဆားဘီးယားသမ္မတ အလက်ဇန်းဒါး ဗူစစ်နှင့် သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ယခုကဲ့သို့ပြောကြားခဲ့ခြင်းဖြစ်သည်။

“နာမည်တွေ စာရင်းပြုစုပြနေဖို့မလိုပါဘူး၊ ဒါပေမယ့် အနောက်နိုင်ငံတွေက လက်ခံကျင့်သုံးနေတဲ့ ရပ်တည်ချက်က မှန်ကန်ပါတယ်လို့တော့ ရှအတိအလင်းမပြောနိုင်ပါဘူး” ဟု အာဒိုဂန်က ဘဲလ်ဂရိတ်၌ ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင်ပြောကြားခဲ့သည်။

“ရန်စတာကိုအခြေခံတဲ့မူဝါဒကို ဦးဆောင်နေတဲ့အ‌မေရိကကြောင့် ထိရောက်တဲ့ ရလဒ်ကိုရရှိနိုင်မှာမဟုတ်ဘူး” ဟု ၎င်းကပြောကြားခဲ့သည့်အပြင် “အခြားနိုင်ငံတွေအနေနဲ့လည်း ရုရှားကိုလျှော့မတွက်သင့်ဘူး” ဟု ထပ်မံပြောကြားခဲ့သည်။

အဇာဘိုင်ဂျန်မှလျှပ်စစ်ဓာတ်အားတင်သွင်းမှုကို ၂ ဂစ်ဂါဝပ်နာရီ ခန့်ဖြင့် လွှဲပြောင်းခွင့်ပြုရန် ဆားဘီးယားက တူကီယေးအား တောင်းဆိုခဲ့ကြောင်း ဗူးစစ်ကပြောကြားခဲ့သည်။

သြဂုတ်လ ၂၂ ရက်နေ့တွင် ဗူးစစ်နှင့် နှင့် အဇာဘိုင်ဂျန်သမ္မတ အီလမ် အယ်လ်လီယက်ဗ် တို့သည် ဘဲလ်ဂရိတ်က သီးခြားသတ်မှတ်မထား‌သောသက်တမ်းကာလနှင့်စွမ်းအင်တင်သွင်းမှုကိုသဘောတူခဲ့သည်။ဘော်လကန်နိုင်ငံသည် ၎င်းအတွက် လျှပ်စစ်ဓာတ်အားလိုအပ်ချက်၏ ၇၀ ရာခိုင်နှုန်းခန့်ကို ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံများတွင် ထုတ်ပေးလျက်ရှိသည်။

“Azeri လျှပ်စစ်ဓာတ်အားလွှဲပြောင်းမှုအတွက် ကျွန်ုပ်တို့အားကူညီရန်နှင့် နေရာခွဲဝေပေးရန် သမ္မတအာဒိုဂန်ကို ကျွန်ုပ်တောင်းဆိုခဲ့သည်” ဟု ၎င်းကပြောကြားခဲ့သည်။

ဆားဘီးယားနိုင်ငံသည် ရုရှားဓာတ်ငွေ့အပေါ် လုံးလုံးနီးပါး မှီခိုနေရသဖြင့်  အဇာဘိုင်ဂျန်မှ လည်း သဘာဝဓာတ်ငွေ့ကို ၂၀၂၃ ခုနှစ်မှစတင်၍ တင်သွင်းရန် စီစဉ်နေသည်ဟုသိရှိရသည်။

ယူကရိန်းစစ်ပွဲ၏ စွမ်းအင်အကျပ်အတည်းကြောင့် ဥရောပတွင်လာမည့်ဆောင်းရာသီသည် “အလွန်အေးနိုင်သည်” ဟု  ဗူးစစ်ကပြောကြားခဲ့သည်။ဘဲလ်ဂရိတ်သည် ရုရှား၏ ယူကရိန်းသို့ကျူးကျော်မှုကို ရှုံ့ချသော်လည်း မော်စကိုအပေါ် ပိတ်ဆို့အရေးယူမှုများ ချမှတ်ရန်ငြင်းဆိုထားသည်ဟုသိရှိရသည်။

“တကယ်လို့ ယူကရိန်းက ရုရှားကိုစစ်ရေးအရအနိုင်ယူဖို့ စိတ်ကူးထားတယ်ဆိုရင်၊ အေးတဲ့ဆောင်းရာသီမျိုးအတွက်သာမက မှောင်မိုက်သော ဆောင်းရာသီအတွက်ပါ ကျွန်တော်တို့ ပြင်ဆင်ရပါလိမ့်မယ်” ဟှူးစစ် ကပြောကြားခဲ့သည်။

ဆားဘီးယားသည်လည်း တူကီယေးနိုင်ငံမှ Bayraktar ဟုခေါ်သည့်လက်နက်တပ်ဆင်ထားသည့် ဒရုန်းများကို ၂၀၂၃ ခုနှစ်မှစတင်ကာ ၀ယ်ယူရန်စီစဉ်နေကြောင်း ဗူးစစ် က ပြောကြားခဲ့ပြီး စာချုပ်တွင်ယူရိုသန်းရာနှင့်ချီ ရင်းနှီးမြှုပ်နှံသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့‌သော်လည်း အသေးစိတ်ကို‌မူမပြောခဲ့ပေ။

Source -Reuters/kg


LEAVE A REPLY

Please enter your comment!
Please enter your name here