သက်တမ်း ၁၂၃ နှစ်ကြာမြင့်ပြီဖြစ်သည့် FEFU တက္ကသိုလ်နှင့် ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်(YUFL)တို့ကြား သဘောတူညီမှုတစ်ရပ်အား လက်မှတ်ရေးထိုးမည်

0
277

သက်တမ်း ၁၂၃ နှစ်ကြာမြင့်ပြီဖြစ်သည့် FEFU တက္ကသိုလ်နှင့် ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်(YUFL)တို့ကြား သဘောတူညီမှုတစ်ရပ်အား လက်မှတ်ရေးထိုးမည်

ရာရှားနိုင်ငံသို့ ရောက်ရှိနေသည့် နစက ဥက္ကဋ္ဌ၊နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင် လှိုင်သည် စက်တင်ဘာ ၈ ရက်မွန်းလွဲပိုင်းက ဗလာဒီဗော့စတော့ခ်မြို့ရှိ Far Eastern Federal University(FEFU)တက္ကသိုလ်သို့ သွားရောက်လေ့လာ၍ ပါမောက္ခချုပ် Mr. Boris Nikolaevich Korobets နှင့်တွေ့ဆုံဆွေးနွေးခဲ့ခြင်းဖြစ်သည်။

တွေ့ဆုံရာ၌ FEFU တက္ကသိုလ်၏ လုပ်ငန်းဆောင် ရွက်မှု၊ နိုင်ငံတကာမှပညာတော်သင် ကျောင်း သားများတက်ရောက်လျက်ရှိသည့် အခြေအနေများနှင့်မြန်မာနိုင်ငံမှ သင်တန်းသားများလာရောက်သင်ကြားနိုင်ရေးအား ကြိုဆိုသည့် အခြေ အနေများအား ဆွေးနွေးခဲ့ကြသည်။

ထို့ပြင် ၇ ကြိမ်မြောက် အရှေ့ဖျားစီးပွားရေးဖိုရမ် ၏ မျက်နှာစုံညီအစည်းအဝေး Plenary Session ကျင်းပစဉ် “စားနပ်ရိက္ခာလုံခြုံရေး (Food Security)ကဏ္ဍတွင် မြန်မာနိုင်ငံ၏ အရေးပါမှုနှင့်ရင်းနှီးမြှုပ်နှံမှုအတွက် အခွင့်အလမ်းကောင်းများ” ခေါင်းစဉ်ဖြင့် နစက ဥက္ကဋ္ဌ၏ ဆွေးနွေးပြောကြားခဲ့မှုအပေါ် FEFU တက္ကသိုလ် ပါမောက္ခချုပ်အနေဖြင့် သုံးသပ်ထင်မြင်မှုများကိုလည်း ဆွေး နွေးခဲ့ကြသည်။

အလားတူ စားနပ်ရိက္ခာလုံခြုံရေးကဏ္ဍ၏ အရေးပါမှုကိုသတိပြုမိခဲ့သည့် အခြေအနေများ၊ မြန်မာ နိုင်ငံမှပညာတော်သင် သင်တန်းသားများ ရုရှားနိုင်ငံ၏ အနောက်ဘက်ပိုင်းရှိ တက္ကသိုလ်အများအပြားတွင် အဆင့်မြင့်ပညာများကို သင်ယူလျက်ရှိသည့်အခြေအနေများ၊ FEFU တက္ကသိုလ်တွင် ဆေးဘက်ဆိုင်ရာဘွဲ့လွန်ပညာရပ်များ စေလွှတ်သင်ကြားသွားမည့် အခြေအနေများကိုလည်း ဆွေးနွေးခဲ့ကြသည်။

ထို့ပြင် နှစ်နိုင်ငံဆက်ဆံရေးနှင့်စီးပွားရေးကူးလူးဆက်သွယ်မှုတို့အား တိုးမြှင့်ဆောင်ရွက်လျက်ရှိ ၍ ပညာရေးကဏ္ဍတိုးမြှင့်ရေး ပူးပေါင်းဆောင် ရွက်မှုများ အစဉ်အဆက်တိုးမြင့်လာနိုင်မည်ဖြစ်သည့် အခြေအနေများ၊မြန်မာနိုင်ငံမှ သင်တန်း သားများ လာ၍တက်ရောက်ပါက တက္ကသိုလ်မှ စီမံဆောင်ရွက်ပေးနိုင်မည့် အခြေအနေများ၊ FEFU တက္ကသိုလ်နှင့်မြန်မာနိုင်ငံမှ ရန်ကုန်နိုင်ငံ ခြားဘာသာတက္ကသိုလ်(YUFL)တို့ကြား သဘော တူညီမှုတစ်ရပ်ကို မကြာမီ လက်မှတ်ရေးထိုးနိုင်မည့်အခြေအနေများအားဆွေးနွေးခဲ့ကြသည်။

ဆွေးနွေးပွဲသို့ နစက ဥက္ကဋ္ဌနှင့်အတူ ကောင်စီတွဲ ဖက်အတွင်းရေးမှူး ဒု-ဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ပြည် ထောင်စုဝန်ကြီးများ၊ ကာကွယ်ရေးဦးစီး ချုပ်ရုံးမှအရာရှိကြီးများ၊ဒု-ဝန်ကြီးများ၊ရုရှားနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီးဦးလွင်ဦးနှင့်မြန်မာစစ်သံ(ကြည်း၊ ရေ၊ လေ)ဗိုလ်မှူးချုပ်မိုးကျော်တို့ တက်ရောက်ခဲ့ကြသည်။

FEFU တက္ကသိုလ်ပါမောက္ခချုပ်နှင့်အတူ ဒု-ပါမောက္ခချုပ် Mr, Evgeny E. VLASOV ၊ တက္ကသိုလ်ဌာန အသီးသီးမှတာဝန်ရှိသူများလည်း တက်ရောက်ခဲ့ကြသည်။

Far Eastern Federal University(FEFU)တက္က သိုလ်အား ၁၈၉၉ ခုနှစ်တွင် တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ၁၂၃ နှစ်သက်တမ်းကြာမြင့်ပြီဖြစ်ကာ ရု ရှားနိုင်ငံ ပညာရေးနှင့်သိပ္ပံဝန်ထမ်းဌာန၏ လက် အောက်တွင်ရှိပြီး ဒေသတွင်းနှင့်နိုင်ငံတကာဆိုင် ရာပညာရပ်များ၊ စီးပွားရေးဆိုင်ရာပညာရပ်များ၊စီမံခန့်ခွဲမှုဆိုင်ရာ ပညာရပ်များ၊ပညာရေးဆိုင်ရာပညာရပ်များ၊အင်ဂျင်နီယာဆိုင်ရာပညာရပ်များ၊လူသားချင်းစာနာထောက်ထားမှုဆိုင်ရာပညာရပ်များ၊ဥပဒေဆိုင်ရာပညာရပ်များ၊ဆေးပညာရပ်များနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးပ ညာရပ်များကို သင်ကြားပို့ချပေးလျက်ရှိကာ ကျောင်းသားပေါင်း ၄၁၀၀၀ ခန့်ရှိကြောင်း သိရသည်။

နစက ဥက္ကဋ္ဌ၏ ရုရှားနိုင်ငံခရီးစဥ်၌ မြန်မာနိုင်ငံမှ ဆေးဘက်ဆိုင်ရာပညာတော်သင် သင်တန်းသားများစေလွှတ်နိုင်မည့် အခြေအနေများအပါအဝင် တက္ကသိုလ်အချင်းချင်း ဘာသာရပ်ပိုင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ၊ပညာရေးမြှင့်တင်မှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို ဆောင်ရွက်နိုင်ရန် ဆွေးနွေးခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here