ရန်ကုန်-မန္တလေးအမြန်လမ်းတွင် ကိုယ်ပိုင်ကားလမ်းချော်ကာ တံတားလက်ရမ်းအားတိုက်မိတိမ်းမှောက် ၂ ဦးဒဏ်ရာရ

0
336

ရန်ကုန်-မန္တလေးအမြန်လမ်းတွင် ကိုယ်ပိုင်ကားလမ်းချော်ကာ တံတားလက်ရမ်းအားတိုက်မိတိမ်းမှောက် ၂ ဦးဒဏ်ရာရ

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၏ ဘုရားတောင်အမြန်လမ်းမီးသတ်တပ်ဖွဲ့စခန်းအပိုင်တွင် စက်တင်ဘာ ၈ ရက်ညပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ် ကြောင်း အမြန်လမ်းမီးသတ်တပ်ဖွဲ့စခန်းမှ သိရသည်။

ယင်းနေ့ည ၈ နာရီ ၄၅ မိနစ်ခန့်က ရန်ကုန်-မန္တ လေးအမြန်လမ်းမကြီးအတိုင်း ရန်ကုန်မြို့ဘက်မှမန္တလေးမြို့ဘက်သို့ မောင်းနှင်လာသည့် TOYOTA Hilux Surf(နက်ပြာရောင်)ကား သည် မိုင်တိုင်အမှတ် ၂၄၆/၀ နှင့် ၂၄၆/၁ ကြားတွင် လမ်းချော်ကာ အရှိန်မထိန်းနိုင်ဘဲ တံတားလက် ရမ်းအားတိုက်မိပြီးနောက် တိမ်းမှောက်သွားခဲ့ကြောင်း သိရသည်။

ထို့ကြောင့် ဘုရားတောင်အမြန်လမ်းမီးသတ်စ ခန်း၊ဘုရားတောင်အမြန်လမ်းရဲစခန်းတို့မှ တပ်ဖွဲ့ဝင်များက ကူညီကယ်ဆယ်ရေးလုပ်ငန်းများပြု လုပ်ခဲ့ကြသည်။

ဖြစ်စဥ်ကြောင့် ကားပေါ်တွင်ပါလာသည့် အမျိုး သား ၁ ဦးမှာ ထိခိုက်ဒဏ်ရာများ(စိုးရိမ်ရ)နှင့်အ မျိုးသမီး ၁ ဦးမှာ ထိခိုက်ဒဏ်ရာများ(မစိုးရိမ်ရ) ရရှိခဲ့ကြသဖြင့် မိတ္ထီလာမြို့နယ်ပြည်သူ့ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here