ရုရှား – မြန်မာ စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု အရှိန်အဟုန်မြှင့်တင်မည်၊မြန်မာနိုင်ငံအနေဖြင့် အရည်အသွေးမြင့် ပို့ကုန်ပစ္စည်းများ တင်ပို့နိုင်ရန် ကြိုးပမ်းနေ

0
211

ရုရှား – မြန်မာ စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု အရှိန်အဟုန်မြှင့်တင်မည်၊မြန်မာနိုင်ငံအနေဖြင့် အရည်အသွေးမြင့် ပို့ကုန်ပစ္စည်းများ တင်ပို့နိုင်ရန် ကြိုးပမ်းနေ

နစက ဥက္ကဋ္ဌဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ရုရှားနိုင်ငံ၌ ကျင်းပသည့် ၇ ကြိမ်မြောက် အရှေ့ဖျားစီးပွားရေးဖိုရမ်၌ ပါဝင်ပြသလျက်ရှိသည့် Republic of Buryatia ပြည်နယ်ပြခန်းသို့ သွားရောက်လေ့လာကြည့်ရှုစဥ် ပြည်နယ်အစိုးရအဖွဲ့အကြီးအကဲ Mr. Aleksey Sambuyevich Tsydenov နှင့်တွေ့ဆုံ၍ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။

Buryatia ဒေသ၏ ပြခန်းများအား နစက ဥက္ကဋ္ဌကို လိုက်လံပြသခွင့်ရ၍ ဝမ်းမြောက်မိကာ ၎င်းတို့ဒေသ၏ ရိုးရာယဉ်ကျေးမှုနှင့်ဖွံ့ဖြိုးတိုးတက်မှုများကို လေ့လာသိရှိနိုင်မည်ဖြစ်သည်ဟု ပြည် နယ်အစိုးရအဖွဲ့အကြီးအကဲ Mr. Aleksey Sambuyevich Tsydenov ကပြောကြားခဲ့သည်။

ထို့ပြင် Buryatia ဒေသမှသဘာဝသယံဇာတများ ပေါကြွယ်ဝစွာ ထွက်ကာ နစက ဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ဝင်များ Buryatia ဒေသသို့ လာရောက်လေ့လာချိန်တွင်လည်း ဒေသ၏တိုးတက်မှုများကို လိုက်လံရှင်းလင်းပြသသွားမည်ဟု ဆွေးနွေးပြောကြားခဲ့သည်။

နစက ဥက္ကဋ္ဌ ကလည်း ရုရှားနိုင်ငံနှင့်စီးပွား ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်လျက်ရှိပြီး မြန်မာနိုင်ငံအနေဖြင့် ဒေသထွက်ကုန်နှင့်ထုတ်ကုန်များကို အရည်အသွေးမြင့် ပို့ကုန်ပစ္စည်းများအဖြစ် တင်ပို့နိုင်ရန် ကြိုးပမ်းဆောင်ရွက် လျက်ရှိပြီး မြန်မာနိုင်ငံနှင့် Buryatia ပြည်နယ်တို့ကား စီးပွားရေးဆိုင်ရာများတွင် ပူးပေါင်းဆောင်ရွက်သွားမည်ဟု ဆွေးနွေးပြောကြားခဲ့သည်။

 

ထို့အတူ Buryatia ပြည်နယ်သို့ ရောက်ရှိလေ့လာချိန်တွင် စီးပွားရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုများ ဆောင်ရွက်နိုင်မည့် အခြေအနေများကို အသေးစိတ်ဆွေးနွေးသွားမည်ဟု ဆွေးနွေးခဲ့ကြသည်။

နစက ဥက္ကဋ္ဌသည် Republic of Buryatia ပြည် နယ်ပြခန်းတွင်ပြသထားသည့် ရိုးရာအထည်အလိပ်၊ စက်မှု၊ လက်မှုအနုပညာပြကွက်၊ သစ်နှင့် သစ်တောထွက်ပစ္စည်း အနုပညာပြကွက်၊ ရဟတ်ယာဉ်ထုတ်လုပ်မှုဆိုင်ရာ ပြကွက်၊ ပန်းချီပြကွက်၊ ခေတ်မီစက်မှုနည်းပညာများဖြင့် ပေါင်းစပ်ထားသည့် ကျန်းမာရေးဝန်ဆောင်မှု ဆိုင်ရာပြကွက်၊ ရိုးရာကျန်းမာရေးဆိုင်ရာပြကွက်၊ သဘာဝသယံဇာတတူးဖော်မှုဆိုင်ရာ ပြကွက်တို့အား ကြည့်ရှုလေ့လာ၍ သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့သည်။

Buryatia ပြည်နယ်အစိုးရအဖွဲ့အကြီးအကဲနှင့်ပြကွက်အလိုက်တာဝန်ခံများက နစက ဥက္ကဋ္ဌအား လိုက်လံရှင်းလင်းပြသခဲ့ကြသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here