ချမ်းမြသာစည်မြို့နယ်တွင် ရဲတပ်ကြပ်တစ်ဦးသေနတ်ဖြင့်ပစ်သတ်ခံရ

0
132

ချမ်းမြသာစည်မြို့နယ်တွင်  ရဲတပ်ကြပ်တစ်ဦးသေနတ်ဖြင့်ပစ်သတ်ခံရ

မန္တလေးတိုင်း၊ချမ်းမြသာစည်မြို့နယ်၊အကွက် (၄၄၆)၊သနပ္ပင်ရပ်၊သံလျက်မော်တောင်ရပ်ကွက်တွင် စက်တင်ဘာ ၈ ရက်ညပိုင်းက ရဲတပ်ကြပ်အောင်ညွှန့်သည် သေနတ်ဖြင့်ပစ်သတ်ခံခဲ့ရကြောင်း သိရသည်။

ယင်းနေ့ည ၇ နာရီခွဲခန့်က ကန်ပတ်လမ်းအတိုင်း အမည်မသိအမျိုးသား ၃ ဦးသည် ဆိုင်ကယ်ဖြင့်ရောက်ရှိလာပြီး စျေးဆိုင်တစ်ခုရှေ့တွင် ဆိုင်ကယ်ဖြင့် ရပ်နေသည့် ရဲတပ်ကြပ်အောင်ညွှန့်အား သေနတ်ဖြင့်ပစ်ခတ်ရာ လဲကျသွားစဉ် ထပ်မံပစ်ခတ်ခဲ့ကြကြောင်း သိရသည်။

ထိုသို ပစ်ခတ်ခံရမှုကြောင့် ရဲတပ်ကြပ်အောင်ညွန့်သည်ဒဏ်ရာများရရှိခဲ့ပြီး အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့ကြောင်း သိရသည်။

ထိုပြင် အမည်မသိအမျိုးသား ၃ ဦးမှ ရဲတပ်ကြပ်အောင်ညွှန့်၏ ခြောက်လုံးပြူးသေနတ်၊ ၎င်းကျည်အချို့၊ စကားပြောစက်နှင့် SCOPPY ဆိုင်ကယ်တို့အား လုယက်ယူဆောင်၍မောင်းနှင်ထွက်ပြေးသွားခဲ့ကြကြောင်း သိရသည်။

ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေးနှင့်ဥပဒေအရထိရောက်စွာအရေးယူနိုင်ရေးတို့အတွက် လုံခြုံရေးအဖွဲဝင်များက  ရှာဖွေစစ်ဆေးလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here