အင်္ဂလန် ၏ ထီးမွေနန်းလျာကို ဆက်ခံနိုင်သည့် အရိုက်အရာခံနံပါတ်စဥ်ဇယား
ဘုရင်မကြီး အဲလိဇဘက် ၂ တွင် သားသမီး ၄ဦး၊မြေး ၈ဦး၊မြစ် ၁၂ ဦးရှိရာ စုစုပေါင်း ၂၄ ယောက်သည်ဦးစားပေး အရိုက်အရာ ခံနိုင်သည့် တော်ဝင်နွယ်ဖွားများဖြစ်ကြသည်။ ဂျော့ချ် V ဘုရင် ၏အခြားသောသားသမီးများက ဆင်းသက်လာသူများလည်း နန်းစဥ်ဇယားနံပါတ်များ ရှိသည်။
ဘုရင်မကြီးကံကုန်ချိန်တွင် ချားလ်စ်မင်းသားက ချားလ်စ် III ဘုရင်ကြီးဖြစ်လာပြီဖြစ်သည်။ ၄င်းသည် ဒိုင်ယာနာ ကွယ်လွန်ပြီးနောက် အိမ်ထောင်ရှိခဲ့ဖူးသူ ကင်မ်လာပတ်ကားဘိုးလ်နှင့် လက်ဆက်ခဲ့သဖြင့် အရိုက်အရာ ဆက်ခံခွင့်မရနိုင်ဟူသော ထင်ကြေးများထွက်ပေါ်ခဲ့ဖူးသည်။
ထိုကောလဟာလများသည် ၁၉၃၆ခုနှစ်ဆီက ဘုရင် အက်ဒွပ် VIII က အမေရိကန်သူ အိမ်ထောင်ကွဲဖူးသည့် ဝေါ်လစ် ဆင်မ်ပ်စင်န် နှင့်လက်ဆက်ပြီး ထီးနန်းစွန့်ခဲ့သည် အချက်များအပေါ်အခြေခံ၍ပြောခဲ့ကြခြင်းဖြစ်သည်။
ထီးနန်းအရိုက်အရာ ကို သားဦးရတနာကိုသာ လက်ဆင့်ကမ်းခဲ့သည့် အင်္ဂလန် အလေ့အထကိုတွေ့ရမည်ဖြစ်သည်။
ဘုရင်မကြီးက သူမ၏ဒုတိယသားတော် အင်ဒရူးမင်းသားအား ပေးအပ်ထားသည့် တာဝန်ဝတ္တရားများကို ရုတ်သိမ်းထားသော်လည်း(သက်ငယ်မုဒိမ်းမူကြောင့်) တရားရင်ဆိုင်ရသည့် အင်ဒရူး သည် နန်းစဥ်ဇယား နံပါတ် ၉ တွင်ရှိနေဆဲဖြစ်သည်။
Credit- usefulchart.com